အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်တော့မည့် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်နှင့် စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လျှောက် ထားခြင်း
(၂၀၁၄)ခုနှစ် မတ်လ(၁)ရက်နေ့မှစတင်ပြီး ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်နဲ့ စီးပွားရေးအကျိုးဆောင်
မှတ်ပုံတင်လျှောက်ထားခြင်းကို အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်တော့မှာ
ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကြီးဌာန၊
ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဒီလိုအွန်လိုင်းစနစ် လျှောက်ထားရာမှာတော့ အွန်လိုင်းကြေး(၂၅၀၀)ကျပ်နဲ့
မှတ်ပုံတင်ကတ်ပြားကြေး(၅၀၀)ကျပ် စုစုပေါင်း(၃၀၀၀)ကျပ်
ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့
အွန်လိုင်းမှ လျှောက်ထားနိုင်သလို လူကိုယ်တိုင်လည်းလာရောက်
လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
အွန်လိုင်းမှ လျှောက်ထားလိုသူတွေအနေနဲ့ www.myanmartradenet.com.mm
မှတစ်ဆင့် လျှောက်ထား ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ၀က်ဘ်ဆိုက်မှာ
ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်နှင့် စီးပွားရေးအကျိုးဆောင်
မှတ်ပုံတင်လျှောက်ထားမှုနဲ့ ပတ်သက်ပြီး member အဖြစ် ၀င်ရောက်ဖို့မလိုဘဲ
သတ်မှတ်ထားတဲ့ form မှာ လိုအပ်တဲ့အချက်အလက်များဖြည့်ပြီး ပေးပို့ရမှာ
ဖြစ်တယ်လို့သိရပါတယ်။
ref;mrtv-4
No comments:
Post a Comment