Monday, March 10, 2014

တံတားဦး ပြည်ခိုင်ဖြိုးပါတီမှ စတုဒီသာကျွေးမွေး၊ အလှူငွေ အဝတ် အထည် နှင့် ဆန်များ ပံ့ပိုးကူညီ


တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစဉ်အစီဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ (၉) ရက် နံနက် ၉ နာရီ မှစတင်ကာ တစ်နေ့တာ စတုဒီသာ ကျွေးမွေးခြင်းအား ပျားကျေးရွာ မီးဘေး ကယ်ဆယ်ရေး ယာယီ စခန်း ဖွင့်လှစ်ထားသည့် ရွှေမုဌော ဘုန်းတော်ကြီးကျောင်းတွင် ခရိုင်မြို့နယ် ရပ်ကျေးစည်းရုံးမှူးနှင့် ပါတီဝင်များ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပြည်ခိုင်ဖြိုး's photo.ပြည်ခိုင်ဖြိုး's photo.ပြည်ခိုင်ဖြိုး's photo.

ထို့နောက် ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကူညီပံ့ပိုးသည့် ငွေကျပ် (၁)သိန်း အား ခရိုကော်မတီဝင် မြို့နယ် မြေတာဝန်ခံ ဦးအောင်လွင်၊ ဦးစောဝင်း နှင့် ဦးကြည်ဟိန်း တို့မှ ဆရာတော်ထံ ပေးအပ် လှူဒါန်း ဆပ်ကပ်ခြင်း၊ မြို့နယ် ပါတီ ဥက္ကဌ ဦးဝင်းမင်းထွန်း နှင့် ကော်မတီဝင်များ၊ စည်းမှူးနှင့် ပါတီဝင်များမှ အဝတ်အထည်မျိုးစုံ တို့အား ကယ်ဆယ်ရေးကော်မတီသို့ ပေးအပ် လှုဒါန်း ခဲ့ကာ အများလှုဒါန်းသည့် ဆန်များအား ခရိုင် မြို့နယ်ပါတီဝင်များ မှ ကော်မတီထံ ပေးအပ်လှုဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ဗဟိုကော်မတီဝင် ခရိုင်အတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မြို့နယ်ကော်မ တီဝင် များ နှင့်တွေ့ ဆုံ ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးသို့ ဗဟိုကော်မတီဝင် ခရိုင်အတွင်းရေးမှူး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ရှိန် ခရိုင်ကော်မတီဝင် ဦးသန်းဇော် ဦးသက်ဦးတို့ ဦးဆောင်၍ ရေတာရှည် မြို့နယ် ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပါတီအောင်နိုင်ရေးနှင့် ရှေ့ဆက် လုပ်ရမည့် လုပ်ငန်းစဉ်များ အား ဆွေးနွေးခဲ့ ကြပါသည်။

No comments:

Post a Comment

back to top