ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရ ဦးအေးမြင့် တန့်ဆည် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အလုပ်အ မှုဆောင် ကော် မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူး များပါဝင် သည့် နေပြည်တော် လွှတ်တော်လေ့လာရေးခရီးစဉ် အဖွဲ့ဝင် များနှင့် တွေ့ဆုံနှုတ် ခွန်းဆက် အမှာ စကားပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေ သကြီး တာဝန်ခံ) သူရ ဦးအေးမြင့် သည် ၂၀၁၄ ခုနှစ်၊ မတ်လ (၇)ရက်၊ နံနက် (၀၈း၁၅) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် ကျင်းပ သည့် နေပြည်တော် လွှတ်တော် လေ့လာရေးခရီးစဉ် လာရောက်ကြသော စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေး မှူးများ ပါဝင်သည့် အဖွဲ့များ အား တွေ့ဆုံ နှုတ်ဆက်ခြင်း အခမ်းအနားတွင် အမှာစကား ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။
တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နေပြည်တော်လေ့လာရေးခရီးစဉ်တွင် ကျား(၁၁၀)ဦးနှင့် မ(၄၀)ဦး စုစုပေါင်း (၁၅၀)ဦး လိုက်ပါလာပြီး နေပြည်တော် ဗုဒ္ဓဂါယာဘုရားနှင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး အား ဖူးမြော်ကြည်ညို ကြမည်ဖြစ်ပြီး လွှတ်တော် အဆောက်အဦးများ၊ ပါတီဌာနချုပ်နှင့် ၀ဏ္ဏသိဒ္ဓိ အားကစား Complex များကို လေ့လာ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment