စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လှူဒါန်းမှုပြု
စမ်းချောင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်နှင့်
မြို့နယ် ပါတီကော်မတီဝင်များသည် မတ်လ (၁၅)ရက်နေ့က ကျန်းမာရေး
စောင့်ရှောက်မှုအနေဖြင့် နာမကျန်းဖြစ်နေသော ပါတီဝင်များကို အလှူ ငွေများ
ထောက်ပံ့လှုဒါန်းပေးခဲ့သည်။
စမ်းချောင်းမြို့နယ် အာရှတော်ဝင်ဆေးရုံကြီးတွင် တက်ရောက်၍ ခွဲစိပ်ကုသမှု ခံယူနေသော မြို့နယ် ပါတီကော်မတီဝင် ဦးတင်လှိုင်နှင့် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး အဆောင် ၁၃/၁၄ ကုတင်နံပါတ် (၂၅)တွင် တက်ရောက် ဆေးကု သနေသော ရှင်စောပုရပ်ကွက်မှ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးစိုးသိန်း၊ ကျွန်းတော (တောင်)ရပ်ကွက် အမှတ်(၅၉) ၅ လွှာနေ ပါတီကော်မတီဝင် ဦးဝင်းသန်းဦး၏ ဇနီး လေးဘက်နာရောဂါဝေဒါရှင် မနော်လူဆေး တို့ကို တစ်ဦးလျှင် အလှူငွေကျပ် (၅၀၀၀၀)စီ ထောက်ပံ့လှုဒါန်းပြီး အားပေးစကား များ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment