Friday, March 21, 2014

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်အစည်းအဝေးခန်းမဆောင် တွင် မတ်လ (၂၀)ရက် နေ့နံနက် ၇ နာရီခွ္ပဲ ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း က နေပြည်တော်တွင် လေ့လာရေးခရီး ရောက်ရှိနေကြသော ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပါတီအတွင်းရေး မှူး ဒေါ်ခင်သန်းနွယ် ခေါင်းဆောင်သော မြို့နယ်ပါတီ ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၂၇၅ ဦးကို တွေ့ဆုံ နှုတ် ဆက်စကားပြောကြားသည်။
ထိုသို့တွေဆုံရာတွင် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်ရှိဆောင် ရွက်နေသော ပြည်သူ့အကျိုးပြုလုပ်ငန်း အခြေအနေများ၊ ပါတီလုပ်ငန်းပိုင်း ဆိုင်ရာများနှင့် ပါတီဝင်အင်အားတိုးပွားအောင် စည်းရုံးဆောင်ရွက်ကြရန်၊ စည်းရုံးရရှိပြီးသော ပါတီဝင်အင်အားကို ခိုင်မာသည်ထက် ခိုင်မာအောင် စည်းရုံးထားရှိရန်၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တရားသဖြင့် ယှဉ်ပြိုင်ပြီး အနိုင်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် တို့ကို လမ်းညွှန် မှာကြားပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
တွေ့ဆုံပွဲသို့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ပါတီ ယာယီအတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ဌာနမှူး ဦးတင်ဌေးတို့ တက်ရောက်ခဲ့ကြသည်။
ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.

No comments:

Post a Comment

back to top