ရုရှားနိုင်ငံကို အရေးယူ ပိတ်ဆို့မှုများ
ထပ်မံပြုလုပ် သွားမည်ဟု အိုဘားမား ထုတ်ပြန်ကြေညာ
အမေရိကန်သမ္မတ
ဘားရက်အိုဘားမားက ယူကရိန်းနိုင်ငံ၏ ပိုင်နက်နယ်မြေတစ်ခုဖြစ်သည့်
ခရိုင်း မီးယားဒေသကို ရုရှားနိုင်ငံက ကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့်
ရုရှားအရာရှိများအပေါ် အရေးယူ ပိတ်ဆို့မှုများ ထပ်မံပြုလုပ် သွားမည်ဖြစ်ကြောင်း
ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေ ညာလိုက်သည်။ ရုရှားအောက်လွှတ်တော်က
ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် လက်ခံရန် သဘောတူကြောင်း
ဆုံးဖြတ်ပြီး နာရီပိုင်း အကြာမှာပင် အိုဘားမား၏ ကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
ခရိုင်းမီးယားဒေသရှိ ပြည်သူများက ရုရှားနိုင်ငံနှင့် ပူးပေါင်းရေးဆန္ဒခံယူပွဲကို ယခုသီးတင်းပတ်အစော ပိုင်းက အလောတကြီး ကျင်းပခဲ့သည်။
ခရိုင်းမီးယားဒေသရှိ ပြည်သူများက ရုရှားနိုင်ငံနှင့် ပူးပေါင်းရေးဆန္ဒခံယူပွဲကို ယခုသီးတင်းပတ်အစော ပိုင်းက အလောတကြီး ကျင်းပခဲ့သည်။
အိမ်ဖြူတော်က အဆိုပါ ဆန္ဒခံယူပွဲနှင့်
ရုရှားနိုင်ငံ၏ အပြုအမူသည် တရားမ၀င်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သည်။“ဒီအရေးယူ ပိတ်ဆို့မှုက
ရုရှားနိုင်ငံရဲ့ စီးပွားရေးတစ်ခုတည်းကို သာမက ကမ္ဘာစီးပွားရေးကိုပါ
အနှောက် အယှက်ဖြစ်စေမှာပါ။ ဒါပေမယ့် ရုရှားနိုင်ငံကတော့ နိုင်ငံတကာ
အသိုင်း အ၀ိုင်းနဲ့ ကင်းကွာပြီး အထီးကျန်နိုင်ငံအဖြစ် ရောက်ရှိသွားစေမှာပါ” ဟု
အိုဘားမား က ပြောကြားသည်။
သမ္မတ အိုဘားမားသည်
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် နီးစပ်သည့် ရုရှားအရာရှိ ခုနစ်ဦးကို တနင်္လာနေ့ က
အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သကဲ့သို့ ဥရောပသမဂ္ဂကလည်း
ရုရှားနှင့် ခရိုင်းမီးယားအရာရှိ ၂၁ ဦးကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

No comments:
Post a Comment