Friday, March 21, 2014

လွဲမှားသော အတွေးအခေါ်ဟောင်းများ စွန့်လွှတ်ရန် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ လမ်းညွန်


ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်း အဝေးခန်းမတွင် မတ်လ (၁၄)ရက် ၁၅၃၀ နာရီအချိန်က ပြုလုပ် သည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်း ဒေသကြီးပါတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် တိုင်း/ ခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ပါတီ်ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ “ ပါတီဝင်အင်အားများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုး အသင်းဘ၀ကကဲ့သို့ အမှန်မရှိသော အင်အားများ ကိုစာရင်းပြုစု၍ ပြသခဲ့သည့် လွဲမှားသောအတွေးအခေါ် (Concept) ဟောင်း များကို စွန့်လွှတ်ကြရန် လိုအပ် ကြောင်း၊ လူနည်းစု ဖြစ်သည့် အထက်ပါတီ အဆင့်ဆင့်သို့ အချိန်ကြာမြင့်စွာ လိမ်လည်၍ ရသော်လည်း၊ အများစုဖြစ် သည့် ပြည်သူလူထုကို လိမ်လည်၍ မရနိုင်ကြောင်း၊ ယင်းအတွက် ပါတီကော်မတီဝင်များအနေဖြင့် အတွေးအခေါ်ဟောင်းများကို စွန့်လွှတ်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး ပြည်သူလူထု ယုံကြည်မှုရအောင် ဆောင် ရွက်ကြရန်” လမ်းညွန်မှာကြားခဲ့သည်။
 
 
ပြည်ခိုင်ဖြိုး's photo.ပြည်ခိုင်ဖြိုး's photo.
အဆိုပါ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်သော ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ရန်ကုန် တိုင်းဒေသကြီးပါတီ ယာယီအတွင်းရေးမှူး ဦးသာဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တိုင်း ဒေသကြီး ပါတီကော် မတီဝင်များ၊ ခရိုင်လေးခုမှ ခေတ္တအတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ အရှေ့ပိုင်းခရိုင် မြို့နယ်များမှ မြို့နယ်ပါတီ အတွင်းရေးမှူးများနှင့် မြို့နယ် ပါတီ ကော်မတီဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment

back to top