ပါတီလုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲပြုလုပ်
၂၀၁၄ ခုနှစ်၊ မတ်လ (၂၂)ရက်၊ နံနက် ၀၈၀၀ နာရီမှ ၁၆၀၀ နာရီအထိ၊
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် ဆရာစံ
လမ်းထောင့်၊ အမှတ်(၉၀)ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၊ အစည်းအဝေးခန်းမတွင် ပါတီလုပ်ငန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွ ပြုလုပ်သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီယာယီအတွင်းရေးမှူး ဦးသာဝင်း (ရန်ကင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်လေးခုမှ ကော်မတီဝင်များ၊ မြို့နယ် (၄၅)မြို့နယ်မှ ကော်မတီဝင်များ စုစုပေါင်း (၁၀၀) ဦး တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း က အလုပ်ရုံဆွေးနွေး ပွဲဆိုင်ရာ လုပ်ငန်းများအတွက် အဖွင့်အမှာ စကား ပြောကြား၍ တိုင်းပါတီကော်မတီဝင် ဦးတင်လှိုင် က ဆွေးနွေးပွဲတွင် ဦးဆောင် ဆွေးနွေးမည့်သူများနှင့် ဆွေးနွေးမည့် လုပ်ငန်းခေါင်းစဉ်များကို ဖတ်ကြားသည်။
တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဦးမင်းသိမ်း၊ ဦးတင်လှိုင်နှင့် ဦးဝင်းအောင်ကျော် တို့က ပါတီစနစ်တကျစုစည်းခြင်း၊ တစ်အိမ်တက် တစ် အိမ်ဆင်း စည်းရုံးခြင်း၊ အဖွဲ့လိုက် လက်တွေ့ ဆောင်ရွက်ခြင်ဆိုင်ရာ ဆောင် ရန်/ရှောင်ရန်များ အစရှိသည့် ခေါင်းစဉ်များကို ဆွေးနွေး၍ အဖွဲ့များဖွဲ့ကာ လက်တွေ့ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထို့နောက် လက်တွေ့ကွင်းဆင်းမှုရလဒ်များကို တစ်ဖွဲ့ချင်းအလိုက် ရှင်းလင်း တင်ပြ၍ ဗဟို ကော်မတီဝင် ဦးသာဝင်း နှင့် တက်ရောက်လာသူများက ၀ိုင်းဝန်း၍ သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးပွဲကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment