Monday, March 24, 2014


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း ပါတီ လုပ်ငန်းပိုင်ဆိုင်ရာ များ၊ စည်းရုံးရေး ဆိုင်ရာများ ကွင်းဆင်းဆောင် ရွက်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း သည် မတ်လ(၂၁) ရက်နေ့ မွန်းလွဲပိုင်းတွင် တောင်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဗဟိုကော်မတီဝင် ဦးဝင်းမြင့်၊ မန္တလေး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးရဲအောင်မြင့်၊ ဦးသိန်းလှ၊ ဦးကိုကိုထွေး၊ ဦးမျိုးမြင့်၊ ခရိုင်အတွင်းရေးမှူး ဦးတင်အောင်ညွန့်နှင့် ခရိုင်ပါတီ ကော်မတီဝင် များ၊ မြို့နယ်အတွင်းရေးမှူး ဦးသိန်းဌေးအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင် များ၊ ရပ်ကွက်/ကျေးရွာ(၂၃၄) ရွာမှ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် စည်းရုံးရေးမှူးများ၏ ဒေသအခြေအနေများ၊ ပါတီဝင်အင်အား စည်းရုံးထားရှိမှုအခြေအနေများကို တင်ပြကြရာ တင်ပြ ချက်များအပေါ် ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းမှ ပြန်လည် ရှင်း လင်းဆွေးနွေးပြီး ပါတီလုပ်ငန်းပိုင်းဆိုင်ရာကိစ္စများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို အသေးစိတ် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.

No comments:

Post a Comment

back to top