Monday, March 24, 2014



သင့်မျက်နှာပုံစံကပြောသော သင့်အကြောင်း

·         သေးငယ်သော နှာခေါင်းရှိလျှင် သင်က စမတ်ကျကျ နေတတ်သူတစ်ဦးပါ။
နှာခေါင်းသေးတဲ့ သူတွေက အလုပ်ကို စမတ်ကျကျ လုပ်တတ်ပေမယ့် ကြိုးစားတတ်သူတော့ မဟုတ်ပါဘူး။ အလုပ်တစ်ခုလုပ်ခါစမှာ အားသွန်ခွန်စိုက် လုပ်တတ်ပေမယ့် စင်းလုံးချော မဖြစ်တတ်ပါဘူး။ အသေးစိတ်တိုင်း အာရုံမစိုက်နိုင်သလို သေးငယ်တဲ့ကိစ္စတွေအတွက် ချွေးထွက်မခံလိုကြပါဘူး။

·         ထင်ရှားသော နှာခေါင်းရှိလျှင် သင်က အရည်အချင်းရှိသူပါ။
တရုတ်စကားပုံအရ နှာခေါင်းက ထင်ရှားလေလေ အလုပ်နဲ့ ပတ်သတ်ပြီး အရည်အချင်းပြည့်မီဖို့ ပိုအလေး ထား လေ ဖြစ်ကာ အသေးအမွှား ကိစ္စလေးတွေကိုတောင် ဆင်ခြင်တတ်သူဖြစ်ပါတယ်။


·         လုံးဝန်းမို့ဖောင်းသော နဖူးပြင်ရှိရင် သင်က စိတ်ခံစားမှုကို ဦးစားပေးသူပါ။
     သင်က အရာရာတိုင်းကို စိတ်ခံစားမှုနဲ့ ချဉ်းကပ်တတ်ပြီး ကျိုးကြောင်းဆီလျှော်မှု ရှိ၊ မရှိ အမြဲစဉ်းစားနေသူ မဟုတ်ပါဘူး။
 
·         ပြားသောနဖူးပြင်ရှိလျှင် သင်က စဉ်းစားတွေးခေါ်တတ်သူပါ။
ခပ်ပြားပြား နဖူးပြင်ရှိတယ်ဆိုရင် အလုပ်တစ်ခု မလုပ်ခင်မှာ အရင်ဆုံး စဉ်းစားတွေးခေါ်လေ့ ရှိသူ ဖြစ် ပါတယ်။


No comments:

Post a Comment

back to top