Monday, March 24, 2014

ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး ဗုဒ္ဒပူဇနိယပွဲတော်နှင့် (၈၂) ကြိမ်မြောက် သံဃော့ဒါန ဆွမ်းဆန်တော် လောင်း လှူပွဲ၌ ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ်မှ ပါဝင်လောင်းလှူ

နေပြည်တော်၊ ဒက္ခိဏသီရီမြို့နယ် အောင်မြေတည်ရှိရာ ရှေးဟောင်းသမိုင်း ၀င် ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး ဗုဒ္ဒပူဇနိယပွဲတော် နှင့် (၈၂)ကြိမ်မြောက် သံဃော့ဒါန ဆွမ်း ဆန်တော် လောင်းလှူပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ (၂၃)ရက် မွန်းလွဲ (၁၄း၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ရာ ပင့်သံဃော့တော် (၅၂၅)ပါးနှင့် သီလရှင် ဆရာကြီး/ ဆရာလေး(၆၂)ပါး ကြွရောက်တော်မူကြပြီး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသိန်းညွန့် နှင့် နေပြည်တော် ကောင်စီဝင်များ၊ ၀န်ကြီးဌာအသီးသီးမှစေတနာရှင်၊ အလှူ ရှင်များ ပြည်ခိုင်ဖြိုးပါတီ ဗဟို သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးခင်ဝင်း နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ခရိုင် ခေတ္တအတွင်းရေးမှူး ဦးဇော်အောင် နှင့် ခရိုင်ကော်မတီဝင်များ၊ ဒက္ခိဏသီရိ မြို့နယ် အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ လယ်ဝေးမြို့နယ် အတွင်းရေးမှူး ဦးသိန်းတိုးနှင့် မြို့နယ်ကော်မတီဝင်များ ရပ်နီးရပ်ဝေးမှ စေတနာရှင်များ အလှူရှင်များ ပါဝင် လှူဒါန်းကြသည်။

ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.

ရှေးဦးစွာ နေပြည်တော်ကော်စီဥက္ကဌ ဦးသိန်းညွန့်က ဆရာတော် သံဃာ့တော် များအား ဆွမ်းဆန်တော်နှင့် အလှူတော်ငွေများအား ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှူး ဦးအောင်နိုင်ထွန်းနှင့် ရုံးဌာနများမှ ဦးစီးရုံး အဖွဲ့ဝင်များနှင့် မိသားစုများက ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော် (၃၃) အိတ်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာတောင့်၊ အမွှေးခဲ (၂၂၀၀) ထုပ် နှင့် အလှူတော်ငွေ စုစုပေါင်း တန်ဘိုး (၂၃)သိန်းကျပ် တို့အား ဆက် ကပ် လှူဒါန်းခဲ့ပါသည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးခင်ဝင်းမှ ဆွမ်းဆန်တော် ဆပ်ပြာမှုန့်နှင့် အလှူငွေ (၂၆၀၀၀၀)ကျပ်ကို လည်းကောင်း၊ နေပြည်တော်ခရိုင် အတွင်းရေးမှူး ဦးဇော်အောင်က (၆၀၀၀၀) ကျပ်တန်ဘိုးရှိ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ၊ ဒက္ခိဏ သီရိမြို့နယ် အတွင်းရေးမှူး ဦးဇော်ရွှေ နှင့် မြို့နယ်ပါတီ ကော်မတီများမှ (၅၀၀၀၀) ကျပ် တန်ဘိုးရှိ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစု တို့အား လှူဒါန်းတော်မူခဲ့ကြပြီး အခမ်းအနားကို (၁၅း၃၀) အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top