လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ဘုရားရင်ပြင်တော် သန့်ရှင်းရေး ဆောင်ရွက်
လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်ထု နှင့် အမျိုးသမီးထုများ စုပေါင်း၍ မတ် (၂၂) ရက်နေ့ နံနက် ၀၆း၃၀ နာရီ မှ ၀၉း၀၀ နာရီ အချိန်ထိ ကျုံစုကျေးရွာ ရှိ သက်သာပန်းတောင်း ရွှေ ရင်အေး စေတီတော် ၌ ဘုရားရင်ပြင်တော် သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။အဆိုပါ သန့်ရှင်းရေး ဆောင်ရွက်ပွဲသို့ သစ်တံခါးဆရာတော် မဏိဇောတရ (ယော) ကြွရောက် လာခဲ့ပြီး ပါတီဝင်များအား အမျိုးဘာသာသာသနာကို ဆထက်တပိုး ဆောင်ရွက်ကြရန် ဆုံးမ သြဝါဒ မိန့်ကြားချီးမြှောက် ခဲ့ပါသည်။
သန့်ရှင်းရေးဆောင်ရွက်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဘဏ္ဌာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင် လူငယ် တာဝန်ခံ ဦးလင်းထွန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဝင်း၊ မြို့နယ်ပါတီကော်မတီဝင် လူငယ်တာဝန်ခံ ဦးဇေယျာအောင်၊ အမျိုးသမီးထုခေါင်းဆောင် ဒေါ်ချိုချိုစန်းနှင့် မြို့နယ် ပါတီ ကော်မတီဝင်များ ရပ်ကွက်/ ကျေးရွာ ၂၉ အုပ်စု မှ ပါတီခေါင်းဆောင် များ လူငယ်ပါတီဝင်များ၊ အမျိုးသမီးပါတီဝင်များ စုစုပေါင်း (၃၀၀) ဦးဖြင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပါသည်။



No comments:
Post a Comment