Monday, March 24, 2014


လစ်ဗျားမြို့တော်တွင် တူနီးရှား သံတမန် ပြန်ပေးဆွဲခံရ
လစ်ဗျားမြို့တော် ထရီပိုလီမြို့၌ တူနီးရှားသံတမန်တစ်ဦးကို အမည်မသိ သေနတ်သမား အုပ်စု က ပြန်ပေးဆွဲသွားခဲ့ကြောင်း တူနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြော သည်။ တူနီးရှား သမ္မတနှင့် နိုင် ငံခြားရေး ၀န်ကြီးတို့သည် လစ်ဗျားအာဏာပိုင် များနှင့်တွေ့ဆုံဆွေးနွေး မှုများပြုလုပ် ခဲ့ပြီး ပြန်ပေးဆွဲ ခံရသော သံတမန် ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးစား အားထုတ်မှု များ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် လစ်ဗျားနိုင်ငံတွင် တူနီးရှားသံတမန်ရေးရာ မစ်ရှင်အတွက် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း ဖော်ထုတ်ဆွေးနွေးခဲ့သည်။
၎င်းနိုင်ငံသည် လစ်ဗျားခေါင်းဆောင် ကဒါဖီပြုတ်ကျပြီးနောက် နိုင်ငံလုံခြုံရေးအတွက် ကြိုးစား ရုန်းကန်ချက်များကိုလည်း ဖော်ထုတ်ဆွေးနွေးခဲ့သည်။
ယခုနှစ်အစောပိုင်းကလည်း နိုင်ငံခြားသားများကို မကြာခဏပြန်ပေးဆွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အများစုကို ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့သည်။

No comments:

Post a Comment

back to top