အခမဲ့ဆေးကုသမှုဆောင်ရွက်ပေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ အစီအစဉ်ဖြင့်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို တံတားဦး မြို့နယ် ဘုရားကြီးကုန်းကျေးရွာ ဘုရားကြီး ပရဟိတကျောင်း၌ မတ်လ (၁၈) ရက်နေ့ နံနက် (၈) နာရီမှ ညနေ (၃) နာရီအထိ ဆောင်ရွက် ပေးခဲ့ပါသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်၊ ခရိုင်နယ်မြေတာဝန်ခံ ဒေါက် တာဒေါ်မိုးသူဝင်း ဦးဆောင်သော ဆရာဝန် (၁၃)ဦး၊ သူနာပြု (၆)ဦး ပါဝင်သော ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ အထွေထွေရောဂါ ကုသခြင်း များ ဆောင်ရွက်ခဲ့ ရာ ရပ်ရွာပြည်သူ (၁၅၇) ဦး၊ သာမဏေ၊ ကျောင်းသား (၄၈) ဦး နှင့် ဆရာတော် သံဃာ (၂) ပါး၊ စုစုပေါင်း (၂၀၇) ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အဆိုပါ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာသို့ မန္တလေး တိုင်းဒေသကြီး ပါတီကော်မတီဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးရဲအောင်မြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ခရိုင်နယ်မြေ တာဝန်ခံ ဦးသန်းထွန်း နှင့် ခရိုင်ကော်မတီဝင် မြို့နယ်တာဝန်ခံ ဦးစောဝင်း တို့တက်ရောက်ခဲ့ပြီး မြို့နယ် ပါတီကော်မတီ၊ စည်းရုံးရေးမှူးများနှင့် လူငယ်ပါတီဝင်များ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။



No comments:
Post a Comment