ပြည်ခိုင်ဖြိုးပါတီဝင်များ တရုတ်ကွန်မြူနစ်ပါတီ ၏ ဆောင်ရွက်မှုများ ကို လေ့ လာရန် ပြည်သို့ထွက်ခွာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များသည် တရုတ်ကွန်မြူနစ် ပါတီ၏ နိုင်ငံဖွံ့ဖြိုးတိုးတက် ရန်လုပ်ဆောင်မှု၊ ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင် မှုနှင့် လှုပ်ရှားမှုများကိုလေ့လာရန် တရုတ်ပြည် သူ့သမ္မတနိုင်ငံသို့ မတ်လ (၁၈) ရက်နေ့တွင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ဦးစောထားလုံအပါအ၀င် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်သည့်အဖွဲ့ဝင် ၂၅ ဦးကိုမသွား မီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးဟောင်း၌ ပါတီဒုတိယဥက္ကဌ ဦးဌေးဦး က နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ၊ မြန်မာ- တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အခြေအနေ၊ ပါတီ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ပြီး မိမိ တို့နိုင်ငံနှင့် ဒေသ အကျိုး ဖြစ်ထွန်းစေရေးအတွက် လေ့လာ မှတ်သားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အဖွဲ့ဝင်များသည် တရုတ်ပြည်၌ (၁၀) ရက် ကြာ လေ့ လာရေးပြုလုပ် မည်ဖြစ်ပြီး ကူမင်းမြို့တွင် ၁၈ ရက်မှ ၂၀ ရက်၊ ဖူလ်မြို့တွင် ၂၀ ရက်မှ ၂၂ ရက်အထိ လေ့လာမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment