ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီဝင်များ လယ်ဝေးတွင် တွေ့ဆုံ ပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် စစ်တောင်းမြစ် အရှေ့ခြမ်း ချင်း တိုင်းရင်းသားကျေးရွာဖြစ်သည့် ပင်သောင်ကျေးရွာတွင် မတ်လ (၁၆) ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေတ္တအတွင်းရေးမှူး ဦးဇော်အောင်၊ လယ်ဝေး မြို့နယ် အတွင်းရေးမှူး ဦးသိန်းတိုးနှင့် ကော်မတီဝင်များသည် ဒေသခံ ကျေး ရွာပါတီဝင်များ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေ အနေ၊ ပြည်သူလူထု၏ လိုအပ်ချက်များ၌ ပြည်ခိုင်ဖြိုးပါတီမှ ကူညီဆောင် ရွက်ပေးမှု အခြေအနေများကို ဆွေးနွေးကြပြီး ဒေသခံ ပင်သောင် ကျေးရွာ အုပ်စု ကျေးရွာများမှ ပါတီဝင်များ တိုးတက်စည်းရုံးရေးကိစ္စရပ်များ ဆောင် ရွက်ကြလျက် မြို့နယ်အတွင်းရေးမှူး ဦးသိန်းတိုးက ပါတီဝင် (၇၅) ဦးတို့၏ ဗဟိုဌာနချုပ် အသိအမှတ်ပြုကတ်ပြား များကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပင်သောင်ကျေးရွာအုပ်စုကျေးရွာများမှ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး လိုအပ်ချက်များကို ဆွေးနွေးတင်ပြ ကြပြီး ခေတ္တခရိုင်အတွင်းရေးမှူး၊ မြို့နယ် အတွင်းရေးမှူးနှင့် ကော်မတီဝင် များသည် ပင်သောင်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် ပြည်ထောင်စု လွှတ်တော်မှ ခွဲဝေချထားသော ရန်ပုံငွေဖြင့် စက်ရေတွင်း တူးဖော်မှု လုပ်ငန်း၊ အေးချမ်းသာ ကျေးရွာအုပ်စု အုတ်ဖိုဇောင်းကျေးရွာ ကိုယ့်အား ကိုယ်ကိုး ကျေးလက်မြေသားလမ်း ဖောက်လုပ်မှုလုပ်ငန်း၊ ကျေးရွာ အ.မ.က ကျောင်းဆောင် ဥပဓိရုပ်ကောင်းမွန်ရေး၊ အေးချမ်းသာ ကျေးရွာ မှ နေပြည်တော်ပတ်လမ်းသို့ မြေသားလမ်း ဖောက်လုပ်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
No comments:
Post a Comment