Wednesday, March 19, 2014

ရှမ်း(အရှေ့) ပြည်ခိုင်ဖြိုးပါတီ ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်း ဖော်ဆောင်ရေး သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲ ကျင်းပ


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး သင်တန်း အမှတ်စဉ် (၁)ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁၇) ရက် နံနက် (၉) နာရီက ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် မှ အဖွင့်အမှာ စကား ပြောကြားပြီး အခမ်းအနားမှူးမှ သင်တန်း အခြေအနေများ ရှင်းလင်း တင်ပြခဲ့ပါသည်။
ပြည်ခိုင်ဖြိုး's photo.ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပါတီတွင်းဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စည်းကမ်းပြည့်ဝသော ဒီမို ကရေစီ ကျင့်စဉ်နှင့်အညီ ပြုမူဆက်ဆံဆောင်ရွက်ကြရန်၊ ပါတီစည်းလုံးညီ ညွတ်ရေးနှင့် အင်အားတောင့်တင်းခိုင်မာရေးအတွက် အစဉ်ရှေးရှု သတိပြု ကာ အားထုတ်ကြိုးပမ်း လုပ်ဆောင်သွားကြရန်၊ ပါတီပြိုကွဲစေမည့်အားထုတ် မှုများ၊ လုပ်ရပ်များ မပေါ်ပေါက်ရေး အတွက် ၀ိုင်းဝန်းကာကွယ်စောင့်ရှောက် ကြရန်၊ ပြည်သူများရဲ့ဆန္ဒ၊ ခံစားချက်နှင့် ဘ၀အခြေအနေကို နားလည် စာနာ ထောက်ထားပြီး ပြည်သူများ နှင့်တစ်သားတည်း နေထိုင်ထိတွေ့ ဆက်ဆံသွားကြရန်၊ သင်တန်းကရရှိတဲ့ အတွေ့အကြုံ ဗဟုသုတများကို မိမိ တို့မြို့နယ်အသီးသီးသို့ ပြန်လည်ရောက်ရှိသည့် အခါ မိမိရဲဘော်ရဲဘက် ပါတီ ၀င်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ထပ်ဆင့် ဆင့်ပွားမျှဝေ ပေး ရန်နှင့် သင်တန်းကာလအတွင်း သင်တန်းအစ၊ အလယ်မှ သင်တန်း ပြီးမြောက်သည်အထိ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး ဆောင်ပုဒ်နှင့် အညီ ပြုမူကျင့်ကြံ ဆောင်ရွက်ကြပါရန် လမ်းညွှန်မှာကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့် လယ်ယာစိုက် ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးစိုင်းဆာလူ၊ အာခါတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးပီတာသောင်းစိန်၊ လားဟူ တိုင်းရင်း သားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန် တို့နှင့်အတူ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းသန်းထွန်းလေး ဦးဆောင် သည့် ပြည်နယ်ပါတီ ကော်မတီ ၀င်များ၊ ခရိုင်အတွင်းရေးမှူး၊ မြို့နယ် အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ သင်တန်းနည်းပြဆရာ ဆရာမများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၁၀ မြို့နယ်မှ သင်တန်းသား/သင်တန်းသူ (၆၅)ဦး၊ စုစုပေါင်း အင်အား (၁၀၀)ကျော် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
သင်တန်းကာလမှာ (၁၇-၃-၂၀၁၄) မှ (၂၈-၃-၂၀၁၄)အထိ ရက်သတ္တ(၂)ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top