Wednesday, March 19, 2014


တိုကျိုပင်လယ်အော် အပြင်ဘက်မှာ နစ်မြုပ်ခဲ့သည့် ပနားမား ကုန်တင်သင်္ဘော တစ်စီး
တိုကျိုပင်လယ်အော် အပြင်ဘက်မှာ ကုန်တင် သင်္ဘောတစ်စီးနဲ့ တခြားကုန်တင်သင်္ဘောတစ်စီး တိုက်မိရာကနေ တစ်စီးနစ်မြုပ်သွားတယ်လို့သိရပါတယ်။ နစ်မြုပ်သွားတဲ့ သင်္ဘောဟာ ပနားမားနိုင်ငံ အလံတပ်ထားတဲ့ သင်္ဘောဖြစ်တယ်လို့ လည်း သိရပါတယ်။ နစ်မြုပ်သွားတဲ့ သင်္ဘောမှာ တရုတ်နိုင်ငံသား သင်္ဘောသားတွေချည်းပဲ ဖြစ်တယ်လို့ သိရပါတယ်။

ပနားမားနိုင်ငံအလံလွှင့်ထားတဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာ နောက်ထပ်ကုန်တင်သင်္ဘော တစ်စင်းနဲ့ တိုက်မိရာက တိုကျိုပင်လယ်ကွေ့မှာ နစ်မြုပ်သွားတယ်လို့ သိရပါတယ်။ ဂျပန်ကယ်ဆယ်ရေး လုပ်သားတွေရဲ့ ပြောပြချက်အရ နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်က သင်္ဘော သားတွေအားလုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး သင်္ဘောသား(၁၁)ယောက်ကို ကယ်ဆယ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ဘောပေါ်မှာ သင်္ဘောသားစုစုပေါင်း အယောက်(၂၀) ရှိပြီး အားလုံးဟာ တရုတ်နိုင်ငံ သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဘေဂယ်(၃)လို့ခေါ်တဲ့ ပနားမားအလံတပ် သင်္ဘော ဟာ တောင်ကိုရီးယားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ပီဂေးစက်ပရိုင်းက ပင်လယ်ကွေ့ကို အ၀င်မှာ တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကမ်းခြေစောင့်တပ်တွေရဲ့ ပြောပြချက်အရ (၁၂၆၃၀) တန်အလေးချိန်ရှိတဲ့ ဘေဂယ်ဟာ ပင်လယ်ကွေ့ကို အထွက်နဲ့ (၇၄၀၆)တန်လေးတဲ့ ပီဂေးစက်ပရိုင်းက ပင်လယ်ကွေ့ကို အ၀င်မှာ တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကမ်းခြေစောင့်တပ်တွေကတော့ သင်္ဘောတိုက်မှုဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အချက်ကို စုံစမ်းနေကြတယ်လို့လည်း သိရပါတယ်။ တိုကျိုနဲ့ ယိုကိုဟားမားမှာရှိတဲ့ ဆိပ်ကမ်း တွေကို ရောက်နိုင်တဲ့ အခုသင်္ဘောတိုက်ရာနေရာဟာ သင်္ဘောလမ်းကြောင်းရှုပ်တဲ့ ကမ္ဘာပေါ်က လမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပြီး ကုန်တင်သင်္ဘောကြီးတွေကစပြီး ငါးဖမ်းသင်္ဘောတွေအထိ ၀င်ထွက်တဲ့နေရာ ဖြစ်တယ် လို့လည်း သိရပါသည်။



No comments:

Post a Comment

back to top