ဓာတ်ညှိ မန်းကျည်းယို အားတိုးဆေး
=====================
မန်ကျည်းမှည့်အနှစ် ဆန်ခါချ ၁ပိဿာ
ကြက်သွန်ဖြူ ၁၂ ကျပ်သား ၈ ပဲ
မြန်မာကြက်သွန်နီ ၂၅ ကျပ်သား
နှမ်း ၁ ကျပ်သား ၄ ပဲ
ပျားရည် ၅၀ ကျပ်သား
ဆား ၅ ကျပ်သား
စမုန်မျိုးငါးပါး ၂ပဲစီ
နှမ်းဆီ ၁ပိဿာ
ထန်းလျက် ၁ ပိဿာ
ဖော်စပ်ပုံ
=====
နှမ်းဆီတစ်ပိဿာကို ပထမချက်၊ ဆီကျက်လျှင် ကြက်သွန်နီဖြူတို့ကို ပါးပါးလှီး၍ ဆီသတ်ကာ နှမ်းပါ တစ်ခါတည်းထည့်၊ ကြက်သွန်၊ ကြွပ်လုလျှင် ၎င်းအဖတ်များနှင့် ဆီကို တော်သင့်ရုံခပ်ယူထား။
ကျန်သော ဆီတွင် ကျန်ဆေးများ အားလုံးထည့်၍ မွှေ။ တော်လောက်လျှင် ဖိုမှချ။ ဖန်ဘူးကြီးနှင့်ထည့်။ အပေါ်မှ ယခင်ခပ်ယူထားသော ကြက်သွန်နှင့် ဆီကို လောင်းထည့်။
စားသုံးနည်း၊ အကျိုး
===========
နေ့စဉ် ည နံနက် ဟင်းစားဇွန်းနှင့် တစ်ဇွန်းစားပါ။ ရုပ်ပျိုဝဖြိုး အားတိုးစေသောဆေး ဖြစ်သည်။
သုံးစွဲရန် အညွှန်း
=========
ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အားလုံးနှင့် သင့်သော ဆီး၊ ၀မ်း၊ လေ မှန်စေသည့် ဓာတ်ညှိအားတိုးဆေး ဖြစ်သည်။
No comments:
Post a Comment