Tuesday, March 18, 2014

ဖြိုးစေတနာ နယ်လှည့်အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင် ဦးလင်းထွန်း၊ ဦးသောင်းမြင့် တို့ ဦးဆောင်သော ဖြိုးစေ တနာ နယ်လှည့်အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် ရွှေပြည် သာမြို့နယ် (၁၆)ရပ်ကွက် တက်တူးအောင် ခန်းမ၌ မတ်လ (၁၆) ရက်နေ့ နံနက် (၀၉း၀၀) နာရီမှ (၁၄း၃၀) နာရီထိ အခမဲ့ ကျန်းမာရေးစောင့်ရှောက် မှု ပြုလုပ်ပေးခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးလတ် နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ လူငယ်အဖွဲ့များ ရပ်/ကျေးပါတီ ခေါင်းဆောင်များ ပါတီဝင်များ စုစုပေါင်း (၅၀)ဦး ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး အထွေထွေရောဂါဝေဒနာရှင် (၁၃၀) ဦးအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုး's photo.ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.ပြည်ခိုင်ဖြိုး's photo.

No comments:

Post a Comment

back to top