တောင်ဥက္ကလာပမြို့နယ် သီလ (၉) လမ်းအား ကိုယ်ထူကိုယ်ထခင်းမည်
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း သည်
၂၀၁၄ ခုနှစ်၊ မတ်လ(၁၆)ရက် နံနက် ၁၁၀၀ နာရီက တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)
ရပ်ကွက်၊ သီလ (၉)လမ်း၊ ကိုယ်ထူကိုယ်ထ လမ်းခင်းနိုင်ရေးအတွက်
တောင်ဥက္ကလာပမြို့နယ် ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
သီလ (၉)လမ်းအား ကိုယ်ထူကိုယ်ထခင်းနိုင်ရေးအတွက် အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆွေအေး နှင့် ရပ်ကွက်ဖွံ့ဖြိုးရေး ကော်မတီဝင် များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမှတ် (၄)ရပ်ကွက် ပါတီခေါင်းဆောင် ဦးတင်အောင် တို့မှ ကိုယ်ထူကိုယ်ထလမ်း အမြန် ခင်းနိုင်ရေးအတွက် တင်ပြဆွေးနွေးခဲ့ကြကြောင်း၊ ယင်းသီလ(၉)လမ်းမှာ အရှည် (၇၄၀) ပေ၊ အ ကျယ် (၁၈) ပေရှိပြီး ကိုယ်ထူကိုယ်ထလမ်း ခင်းနိုင်ရေးအတွက် ကျပ်သိန်း (၂၀၀) ကုန်ကျမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment