Tuesday, March 18, 2014

ကလောမြို့ (၇) ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ


ကလောမြို့၊ အမှတ်(၇)ရပ်ကွက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းနှင့် ပါတီ ဆိုင်းဘုဒ်တင်ပွဲ အခမ်းအနားတွင် ပြည်နယ်ပါတီကော်မတီဝင် (ကလောမြို့နယ်တာဝန်ခံ၊ ဥက္ကဌ၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီ) ဦးနန္ဇာလှမြင့်မှ ပါတီရုံးနှင့်ဆိုင်းဘုတ်တင်ရခြင်း ကိစ္စရပ်များအား ညွှန်ကြား ချက်များနှင့်အညီ ရှင်းလင်းပြီး ပါတီ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စည်ပင် သာယာရေးကော်မတီ ၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
တက်ရောက်လာသည့်ပါတီဝင် အမျိုးသမီးများမှ ရပ်ကွက်တွင်း ရေပေးဝေမှု အခြေအနေကို တင်ပြဆွေးနွေးပြီး ဦးနန္ဇာလှမြင့်မှ ကလောမြို့မရပ်ကွက် (၁၁) ရပ်ကွက်တွင် ရေပေးဝေမှု အခြေအနေအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top