အသစ် ထွက်ပေါ်လာမည့် Google ၏ Nexus 7 tablet
Google ထုတ်ကုန် ပစ္စည်းသစ် ဖြစ်သည့် Nexus 7 tablet ကို ဈေးကွက်တင်တော့မည် ဖြစ်သည်။ tablet များကို Asus ကုမ္ပဏီမှ ထုတ်လုပ်သွားမည် ဖြစ်ပြီး 16GB နှင့် 32GB ဗားရှင်းနှစ်မျိုး ရရှိနိုင် မည် ဖြစ်သည်။ ကောလဟာလ ဈေးနှုန်းများအရ အရွယ် အသေးအတွက် (၂၂၉) ဒေါ်လာနှင့် အရွယ် အကြီးအတွက် (၂၆၉) ဒေါ်လာခန့် ရှိမည်ဟု သိရသည်။ ယခင်ဗားရှင်း အဟောင်းထက် ပိုမိုပါးလျ လာမည် ဖြစ်ကာ USB port တစ်ခု ၊ power button နှင့် အသံ အတိုးအကျယ် ခလုတ်တို့မှာမူ ယခင်အတိုင်း ပါဝင်လာမည် ဖြစ်သည်။
screen resolution မှာ
1080p ထိ ဖော်ပြနိုင်မည် ဖြစ်ကာ 5-megapixel sensor အနောက်ဖက် ကင်မရာ ပါဝင်လာမည်
ဖြစ်သည်။ chatting အသုံးပြုနိုင်ရန် 1.2-megapixel အရှေ့ဖက် ကင်မရာနှင့် 3.5 mm
ရှိ headphone jack တို့မှာမူ ယခင်အတိုင်း ပါရှိလာမည် ဖြစ်သည်။ CPU မှာ Qualcomm ၏
APQ 8064 အမျိုးအစား တပ်ဆင် အသုံးပြုထားကာ ၄င်းသည် ယခင် ပထမမျိုးဆက် Nexus 7
tablet များတွင် အသုံးပြုထားသော Nvidia Tegra 3 ထက် ပိုမိုလျှင်မြန်မည် ဖြစ်သည်။
နောက်ဆုံးပေါ် Snapdragon 600 ကို အသုံးပြုမည်ဆိုပါက ပိုမိုကွားခြားသော
လုပ်ဆောင်ချက်မျိုးကို ရရှိမည် မှန်သော်လည်း ဈေးနှုန်းအရ ကန့်သတ်ချက် ရှိနေသည်။
Android 4.3 လည်ပတ်စနစ်နှင့်အတူ အထူးပြုပြင် လုပ်ဆောင်ချက်များ ပါဝင်လာမည်ဟု
မျှော်လင့်ရသည်။

No comments:
Post a Comment