Monday, March 24, 2014


ခရိုင်းမီးယားရှိ ယူကရိန်း လေတပ်စခန်းကို ၀င်စီး၍ တပ်မှူးကို ဖမ်းဆီးထား
ခရိုင်းမီးယားရှိ ယူကရိန်းလေတပ်စခန်းကို ရုရှားလိုလားသော တပ်ဖွဲ့များက ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး ၎င်းစခန်း၏ တပ်မှူးကို ဖမ်းဆီးထားခဲ့ရာ ယူကရိန်း ခေတ္တသမ္မတက လွှတ်ပေးရန် တနင်္ဂနွေနေ့ တွင် တောင်းဆိုခဲ့သည်။
ဆီဗတ်(စ်) တိုမိုလ်းအနီးရှိ  ယူကရိန်းဆဲလ်ဘက်လေတပ်စခန်း၏ အုတ်နံရံတံတိုင်းများကို စစ်သည်တင် သံချပ်ကာယာဉ်များဖြင့် ဖျက်ဆီးပြီး စခန်းအတွင်း ၀င်ရောက်ကြသည်။ လက်ပစ်ဗုံးများဖြင့် ပစ်ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်၍ စခန်းတပ်မှူးဗိုလ်မှူးကြီး ယူလိုင်ပန်ချာကို ဖမ်းဆီးခဲ့ကြသည်။ ယင်းဖြစ်စဉ်တွင် ယူကရိန်းစစ်ဘက် ၀န်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ တပ်ဖွဲ့များသည် ရုရှားတပ်ဖွဲ့များ သို့မဟုတ် ရုရှားလိုလားသော ဒေသခံပြည်သူ့စစ်များဖြစ်သည်ကို ရှင်းလင်းစွာ မသိရပေ။
ယူကရိန်းသမ္မတ အိုဘက်စန္ဒြာတာချီနော့ဗ်က ကြေညာချက်ထုတ်ပြန်ရာတွင် ပန်ချာမှ ပြန်ပေးဆွဲ ထားရကြောင်း ၎င်းကို မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို တိကျစွာမသိရှိ ရကြောင်း ဖော်ပြ ထားသည်။
သို့သော် ထင်ရှားသော နိုင်ငံရေးသမား ဗီတာလီက လစ်ခ်ျကိုက ပန်ချာကို ရုရှားတပ်ဖွဲ့များက ဖမ်းဆီးထားပြီး ခရိုင်းမီးယားမြို့တော် ဆီဗက်ခ်တိုမိုလ်းတွင် အကျဉ်းချထားကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။ အဆိုပါမြို့တော်၌ ရုရှားပင်လယ်နက်ရေတပ်ဖွဲ့ စစ်စခန်းရှိသည်။

No comments:

Post a Comment

back to top