Monday, March 10, 2014

ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာသည့် ပြည်တွင်းရှိ ဟိုတယ်ကဏ္ဍ

မြန်မာနိုင်ငံရဲ့ ဟိုတယ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြင့်တက်လာတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှသတင်းများအရ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဟိုတယ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံထားမှုဟာ ယခုနှစ် ဖေဖော်ဝါရီလအထိ ဟိုတယ်အလုံးရေ (၉၆၀)အထိရှိနေတာဖြစ်ပြီး အခန်းအရေအတွက်လည်း (၃၆၄၆၈)ခန်းအထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ်အလားတူ ကာလအတွင်းမှာတော့ ဟိုတယ်အလုံးအရေတွက်ဟာ (၇၉၄)လုံးအထိသာရှိခဲ့ပြီး အခန်းအရေအတွက်ဟာလည်း (၂၈၆၆၀)ခန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။
 ဒါကြောင့် ပြည်တွင်းရှိ ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေမှာ တစ်နှစ်အတွင်း တိုးတက်မှုအနေနဲ့ ဟိုတယ်အလုံးရေ (၁၆၆)လုံး အခန်းအရေအတွက် (၇၈၀၀)ကျော် တိုးတက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ယခုလက်ရှိအချိန်အထိဟိုတယ်များ တည်ဆောက်ပြီးစီးမှု အများဆုံးအနေနဲ့ မန္တလေးတိုင်းဒေသကြီးမှာ ဟိုတယ်အလုံးရေ (၃၀၂)လုံးနဲ့ အများဆုံးဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ဟိုတယ်အလုံးရေ (၂၃၈)လုံးနဲ့ ဒုတိယအများဆုံး ရှိနေတာဖြစ်တယ်လို့သိရပါတယ်။
 ဒီလိုဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အနေနဲ့ အလုံးရေ (၂၂)လုံးရှိပြီး အခန်းအရေအတွက် (၃၄၅၄)ခန်း ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပနဲ့ ဖက်ဆက်ဟိုတယ် (၄)လုံးရှိပြီး အခန်းအရေအတွက် (၄၄၁)ခန်း၊ ဌာနပိုင် ငှားရမ်းဟိုတယ်(၂၁)လုံးရှိပြီး အခန်းအရေအတွက် (၉၆၈)ခန်းနဲ့ ပြည်တွင်းဟိုတယ်(၉၁၃)လုံးရှိပြီး အခန်းအရေအတွက် (၃၁၆၀၅)ခန်းအထိ ပါဝင်တာဖြစ်တယ်လို့သိရပါတယ်။
ref;mrtv-4

No comments:

Post a Comment

back to top