Tuesday, April 1, 2014

ဗြိတိန်အင်ပါယာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် တွမ်ခရုစ် တစ်သက်တာ အကောင်းဆုံးဆုရရှိ

 

ဟောလီဝုဒ်ဝါရင့်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်သော တွမ်ခရုစ်သည် ယမန်နေ့က အင်္ဂလိပ်မြို့၌ကျင်းပခဲ့သော  ဗြိတိန်အင်ပါယာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် တစ်သက်တာအကောင်းဆုံးသရုပ်ဆောင် ဆုရရှိခဲ့သည်ဟု အင်္ဂလန်နေစဉ် ထုတ်သတင်းစာဒေးလီးမေးလ် ယနေ့ဖော်ပြသည်။
၁၉၈၀ ပြည့်လွန်နှစ်များမှစတင်ကာ ဟောလိဝုဒ်သို့ခြေချခဲ့သော တွမ်ခရုစ်သည် ၄င်း၏သရုပ်ဆောင် သက်တမ်းတစ်လျှောက်တွင် အက်ရှင်အသားပေး ဇာတ်လမ်းများ၌သာ အဓိက သရုပ်ဆောင်ခဲ့ သူဖြစ်သော်လည်း ဇာတ်ရုပ်အမျိုးမျိုးကိုပီပြင်စွာသရုပ်ဆောင်ခဲ့ခြင်းကြောင့် တစ်သက်တာအကောင်းဆုံး သရုပ်ဆောင်ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က အတည်ပြုချက်ထုတ်ပြန်သည်။ အဆိုပါဆုပေးပွဲတွင် ၂၀၁၃ ခုနှစ် အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို Gravity ဇာတ်ကားရိုက်ကူးခဲ့သည့် အယ်လ်ဖွန်ကူရာယွန်ကလည်းကောင်း၊ အကောင်းဆုံးမင်းသားဆုကို Fith ဇာတ်ကားဖြင့် ဂျိမ်းစ်မတ်အဘွိုင်းကလည်းကောင်း၊ အကောင်းဆုံး မင်းသမီးဆုကို Saving Mr Banks ဇာတ်ကားဖြင့် အမ်မာသွန်ဆင်ကလည်းကောင်းရရှိခဲ့သည်ဟု ဒေးလီးမေးလ် ဖော်ပြသည်။


No comments:

Post a Comment

back to top