Tuesday, April 1, 2014

ဗြိတိန်နိုင်ငံ မဂ္ဂဇင်းတစ်ခု၏ ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူ ၅ဝ ဦး စာရင်း တွင် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦး ပါဝင်

ရန်ကုန်မြို့ပြ  အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးကို ဗြိတိန်နိုင်ငံ ထုတ် မဂ္ဂဇင်းတစ်ခု ဖြစ်သည့် Prospec မဂ္ဂဇင်းက ၂ဝ၁၄ ခုနှစ်၏ ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူ ၅ဝ ဦး စာရင်း တွင် ထည့်သွင်းလိုက်ပြီး
အဆိုပါ စာရင်းတွင် ရွေးချယ်ခံရသူ ၅ဝ ဦးအနက် ဒေါက်တာ သန့်မြင့်ဦးသည် ပထမဆုံးနှင့် တစ်ဦး တည်းသော မြန်မာလူမျိုး ဖြစ်ကြောင်း သိရသည်။ Prospect မဂ္ဂဇင်းသည် ယနေ့ ကမ္ဘာကြီးတွင် အဓိ ကကြုံတွေ့နေရသည့် ပြဿနာများကို ရင်ဆိုင်ရာတွင် နိုင်ငံတကာရှိ ထိပ်တန်း တွေးခေါ် သူများ ကို နှစ်စဉ်စာရင်း ပြုစုကြောင်း သိရသည်။
Prospectမဂ္ဂဇင်းသည်  ဗြိတိန်နိုင်ငံ အခြေစိုက် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင် ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် မျက်မှောက် ရေးရာများကို အဓိကရေးသား ဖော်ပြလျက် ရှိသော မဂ္ဂဇင်းဖြစ်ကာ ယင်းကမ္ဘာ့ ထိပ်တန်း တွေးခေါ်သူများ စာရင်းတွင် ပါဝင်သူများ အနက်မှ တစ်ဦးကို ကမ္ဘာ့အရေး အပါဆုံး တွေးခေါ်သူ အဖြစ် ရွေးချယ်နိုင်ရန်အတွက် ဧပြီ ၁၁ ရက် နောက်ဆုံးထားကာ အဆိုပါ မဂ္ဂဇင်း၏ website  တွင်လည်း ဆန္ဒမဲ လက်ခံလျက် ရှိကြောင်း သိရသည်။
''ဒီလိုရွေးချယ်ခံရတာဟာ ယနေ့ မြန်မာနိုင်ငံမှာ   ဖြစ်ပေါ်ပြောင်းလဲနေတာတွေနဲ့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ရဲ့ ကြိုးပမ်း စွမ်းဆောင်မှု တွေအပေါ်မှာ နိုင်ငံတကာက နက်နက်နဲနဲ စိတ်ဝင်စားမှုရှိတယ်ဆိုတဲ့ အကြောင်းကို ပြသ လိုက်တာလို့ပဲ ယုံကြည်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်  ကတည်းက  ကျွန်တော်ပါဝင် ပတ်သက်နေတဲ့ ကိစ္စရပ်နှစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ ရန်ကုန်မြို့ပြ စီမံခန့်ခွဲရေးနဲ့ ထိန်းသိမ်း စောင့်ရှောက်ရေး စိန်ခေါ်မှုတွေ အပေါ် ပိုမိုအာရုံစိုက် မိလာပြီး နားလည်မှုတွေ ပိုတိုးလာမယ်လို့ မျှော်လင့်ပါ တယ်'' ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောကြားခဲ့သည်။
ဒေါက်တာသန့်မြင့်ဦးသည် သမိုင်းပညာရှင် တစ်ဦးဖြစ်ကာ မြန်မာနိုင်ငံနှင့် စပ်လျဉ်း သည့် စာအုပ် တော်တော်များများကို ရေးသားထုတ်ဝေခဲ့သူ ဖြစ်ပြီး ဟားဗက်နှင့် ကိန်း ဗရစ်တက္ကသိုလ်များတွင် တက္ကသိုလ် ပညာများကို ဆည်းပူးခဲ့ကာ ကိန်းဗရစ်တက္ကသိုလ် ၏ ထရီနီတီကောလိပ်တွင် နှစ်အတော်ကြာ သမိုင်း ဘာသာ ရပ်သင်  ဆရာတစ်ယောက် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရ သည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းနှစ်ခုတွင် လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့၏   အထွေထွေ အတွင်းရေးမှူးချုပ်  ရုံးအဖွဲ့တွင် လည်းကောင်း တာဝန်များ ထမ်းဆောင် ခဲ့ကာ    ယခု ရန်ကုန်မြို့ပြ အမွေအနှစ်  ထိန်းသိမ်းရေး အဖွဲ့၏ လုပ်ငန်းတာဝန်များ အပြင် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဗဟိုဌာန၏ အထူးအကြံ ပေးတာဝန်နှင့်   မြန်မာနိုင်ငံအမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ တွင်လည်း အဖွဲ့ဝင်အဖြစ် တာဝန်များ ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top