Wednesday, March 5, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး မိတ္ထီလာခရိုင်၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး သည် ၂၀၁၄ ခုနှစ်၊ မတ်လ(၂) ရက်နေ့ နာရီ(၁၅) မိနစ်အချိန်တွင် မိတ္ထီလာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ခရိုင်၊ မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၊ အလုပ် အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည်။



ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက လက်ရှိ ပြောင်းလဲကျင့်သုံးနေသော ပါတီစုံဒီမိုကရေစီ စနစ်ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုအခြေအနေ၊ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေး အတွက် မိမိတို့ပါတီဝင်များက ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းပြောကြားပြီး၊ ပါတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူး များ အနေဖြင့် ဖွံ့ဖြိုး တိုးတက် ရေးအတွက် ၀ိုင်းဝန်း ဆောင်ရွက်သွားကြ ရန်နှင့် တိုးတက်မှုများကို အခြေပြုပြီး ဆင့်ကဲ အကျိုး ရရှိအောင် စုပေါင်း ဆောင်ရွက်သွားကြရန် ပါတီတွင်းစည်းလုံးမှု မှာကြားပြီး ရပ်/ကျေး စည်းရုံးရေး မှူးများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top