Wednesday, March 5, 2014


ဗဟိုအလုပ်အမှုဆောင် ဦးသိန်းဆွေ အုတ်ဖို၊ ပေါင်းတည် မှ လေ့လောရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံ


မတ်လ (၃) ရက်နေ့ (၁၇း၀၀) အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်း အဝေးခန်းမတွင် ပဲခူးတိုင်းတာဝန်ခံ ဗဟို အလုပ်အမှုဆောင် ဦးသိန်းဆွေနှင့် လွှတ်တော် လေ့လာရေး လာရောက်ကြသော အုတ်ဖိုမြို့မှ ပါတီဝင် (၄၉)ဦး၊ ပေါင်းတည်မြို့နယ်မှ ပါတီဝင် (၈ရ)ဦး တို့နှင့် တွေ့ ဆုံခဲ့သည်။

တွေ့ဆုံပွဲ၌ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းဆွေမှ အမှာစကား ပြောကြားရာ တွင် ဌာနချုပ်ကို ရောက်ရှိတဲ့ အတွက် အတွေ့အကြုံသစ် ရရှိမှာဖြစ်ကြောင်း၊ အစိုးရအပေါ် ယုံကြည်မှု ပိုရှိလာမှာဖြစ်ကြောင်း၊ စိတ်ဓာတ် နိုးကြားလာဖို့ကို လည်း မျှော်လင့်ကြောင်း၊ တိုင်းရင်းသားအဖွဲ့အသီးသီး၊ အလွှာစုံအသီးသီးမှ လွှတ်တော်လေ့လာရေးကို သိရှိရမှာဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စား လွှတ်တော် ကိုယ်စားလှယ်များ ဆောင် ရွက်မှုကို တွေ့ရှိရ မှာဖြစ်ကြောင်း၊ ကိစ္စတစ်ခုဆောင်ရွက်ရာတွင် အမြင်ကျဉ်း၍ မရကြောင်း ပါတီသည် အားလုံးသော ပါတီနှင့်ယှဉ်လျှင် အရည်အချင်း အများဆုံးရှိကြောင်း၊ အင်အားလည်း များကြောင်း၊ ဖွဲ့စည်းပုံ စနစ်ကျကြောင်း၊ ပါတီဟာ အသင်းဘ၀ကတည်းက လေ့ကျင့်ပြုစု ပျိုးထောင်ခဲ့တာ ဖြစ်ကြောင်း၊ ပါတီကို ဂုဏ်ယူဖို့လိုအပ်ကြောင်း၊ မြို့နယ်ရပ်ကွက်ကောင်းမှ နိုင်ငံတော်ကောင်း မှာ ဖြစ်ကြောင်း၊ အောက်ခြေ အဖွဲ့အစည်းဟာ အရေးကြီးကြောင်း၊ ပြည် သူနှင့် ထိတွေ့ဖို့ လိုအပ်ကြောင်း၊ ၂၀၁၅ အောင်နိုင်ရေးဟာ လည်း အရေးကြီးကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top