Wednesday, March 5, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း ဗြိတိသျှ သံအမတ်ကြီး HE Andrew Patrick အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း သည် မတ်လ ၄ ရက် မွန်းလွဲ ပိုင်းတွင် ဗြိတိသျှ သံအမတ်ကြီး HE Andrew Patrick အား နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။




အဆိုပါ တွေ့ဆုံပွဲတွင် ဗြိတိသျှ သံအမတ်ကြီးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အနာဂတ် ခရီးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် မိမိ တို့နိုင်ငံ၏ ဆက်ဆံရေးအပေါ်ထားရှိသည့် သဘောထား အမြင်များကို သိရှိ လိုပါကြောင်း မေးမြန်းရာ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းမှ မိမိတို့ပါတီမှာ ဒီမို ကရေစီကို လိုလားသော ပါတီဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖြစ် ထွန်းအောင်မြင်ရေးအတွက် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြောင်း၊ ဒီမိုကရေစီကျင့်စဉ်ကို လိုလားနှစ်ခြိုက်၍ အောင်အောင်မြင်မြင် ထွန်းကားဖို့ ဆန္ဒပြင်းပြကြောင်း၊ ပြည်သူ့အခြေပြု ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှ ဒီမို ကရေစီ ခိုင်မြဲမည်ဖြစ်ကြောင်း၊ ပြည်သူကို လေး စားတန်ဖိုးထားသည့် ပါတီဖြစ်ကြောင်း၊ အခြားပါတီများ အဖွဲ့အစည်းများကို လည်း လေးစားကြောင်း၊ လူထုလက်ခံကြိုက်နှစ်သက်ဖို့လိုကြောင်း၊ လက်ရှိဆောင်ရွက် လျက်ရှိသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် စဉ်ဆက် မပြတ် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့ ပါတီမှာ စနစ်တကျ ဖွဲ့စည်းမှုများရှိကြောင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှုရှိကြောင်း၊ ပြည်သူ လူထု အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးကို အဓိက ထားကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တရားသဖြင့် ယှဉ်ပြိုင်အနိုင်ရအောင် ကြိုးစားသွား မည်ဖြစ်ကြောင်း၊ တည်ဆဲဥပဒေများ၊ ရွေးကောက်ပွဲ ဥပဒေနှင့်ဆန့် ကျင်သော လုပ်ငန်းများအား လုံးဝ လုပ်ကိုင်သွားမှာ မဟုတ်ကြောင်း ရှင်းလင်းဆွေးနွေး ပြီး ဗြိတိသျှ-မြန်မာ ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ ကပင် ရင်းနှီးပြီးသားဖြစ်ကြောင်း၊ မိတ်ဆွေနိုင်ငံများအဖြစ် စဉ်ဆက်မပြတ် ရှိနေ ခဲ့ကြောင်း၊ အချို့သော ပညာရေး၊ ကျန်းမာရေး အကူအညီများလည်း ရရှိ ခဲ့ကြောင်း၊ ဆက်လက်ပြီး နည်းပညာပိုင်းများကိုလည်း ဦးစားပေးစေ လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မျှော်လင့် ပါကြောင်း ဆွေးနွေးပြော ကြားပါသည်။
ဆက်လက်၍ ဗြိတိသျှ သံအမတ်ပြီးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဖြစ် ထွန်း အောင်မြင်နေမှုကို ချီးကျုးပြောကြားပါသည်။ 
ထို့နောက် ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းမှ ဗြိတိသျှ သံအမတ်ကြီးအား အမှတ်တရ လက်ဆောင်ပေး အပ်ခဲ့သည်။
၎င်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် အတူ ဗဟိုကော်မတီဝင် ဦးတင့်ဇော်၊ ပါတီအကြံပေး ဦးမြသောင်း၊ ဌာနမှူး ဦးအုန်း၊ နိုင်ငံတကာ ရေးရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

No comments:

Post a Comment

back to top