တိုယိုတာ ကုမ္ပဏီထုတ်
i-Road နှစ်ယောက်စီး လျှပ်စစ်ကားများ စတင် ရောင်းချတော့မည်
တိုယိုတာ ကုမ္ပဏီသည် ၎င်းတို့၏ i-Road
အမည်ရှိ နှစ်ယောက်စီး လျှပ်စစ် မော်တော်ကား အမျိုးအစား သစ် တစ်မျိုး
ထုတ်လုပ်ခဲ့ပြီး သုံးစွဲသူများ၏ လက်ဝယ်သို့ မကြာမီ စတင်ဖြန့်ဖြူး ရောင်းချ သွားမည်
ဖြစ်ကြောင်း သိရသည်။အဆိုပါကား စမ်းသပ်မောင်းနှင်မှု
အစီအစဉ်ကို မတ် ၂၃ ရက်တွင် လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆိုပါ စမ်းသပ်မှု အစီအစဉ်၌
ကား ၁ဝ စင်းအား စမ်းသပ်မောင်းနှင် သွားမည် ဖြစ်သည်ဟု သိရသည်။
တိုယိုတာ ကုမ္ပဏီထုတ် နှစ်ယောက်စီး
ကားသည် တစ်မီတာသာ ကျယ်ဝန်း၍ အရှည်မှာ ၂ ဒသမ ၅ မီတာအောက်သာ ရှိကြောင်း ၁ နာရီလျှင်
အမြန်နှုန်း ၂၈ မိုင်မှ ၃၇ မိုင်အထိ မောင်းနှင်နိုင်ပြီး ဓာတ်အားတစ်ကြိမ်
သွင်းထားပါက ခရီး အကွာအဝေး ၃၁ မိုင်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။
အဆိုပါ i-Road လျှပ်စစ်ကားသည်
မော်တော်ဆိုင်ကယ် တစ်စီးကဲ့သို့ သေးငယ်သော်လည်း တံခါးများ၊ ကားပြတင်းမှန်များနှင့်
ခေါင်မိုးတစ်ခု ပါရှိကြောင်း၊ မော်တော် ကား မောင်းနှင်သူ အတွက် ထိန်းချုပ်ရ
လွယ်ကူသည့် အပြင် သက်သောင့်သက်သာ လိုက်ပါ စီးနင်းနိုင်ကြောင်း တိုယိုတာ ကုမ္ပဏီက
ပြောကြားခဲ့သည်။

No comments:
Post a Comment