Thursday, March 6, 2014

အော်စကာဆုအတွက် ဆေးမင်ကြောင်ထိုးပြီး အောင်ပွဲခံသည့် ကိတ်ဘလန်ချတ်


 
ကိတ်ဘလန်ချတ် အနေဖြင့် အော်စကာဆု ရရှိမှုအတွက် ထူးခြားသော ပုံစံတစ်မျိုးဖြင့် အောင်ပွဲ ခံရန် ရွေးချယ်လိုက်သည်။ အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆုကို Blue Jasmine ဇာတ်ကားဖြင့် ရရှိ ခဲ့သည့်နောက် ဩစတြေးလျသူ မင်းသမီးသည် နောက်တစ်ရက်တွင်ပင် ဆေးမင်ကြောင် အလှ ထိုး ပေးသည့် ဆိုင်တစ်ဆိုင်သို့ သွားရောက်ခဲ့သည်။ သူမသည် ခင်ပွန်းသည် အန်ဒရူးအပ်တန်နှင့် သူငယ်ချင်းအချို့ကို ခေါ်ဆောင်ကာ Shamrock Social Clubသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက်တွင်မူ ဆေးမင်ကြောင် အလှပြင်ဆိုင် တစ်ခုသို့ သွားရောက်ကာ လက်ကောက်ဝတ် တွင် အော်စကာ အောင်မြင်မှု အထိမ်းအမှတ် ဆေးမင်ကြောင်တစ်ခုကို ရေးထိုးခဲ့ကြောင်းသိရသည်။ 
ကိတ်သွားရောက်ခဲ့သည့် ဆေးမင်ကြောင်ဆိုင်တွင် ယခင်က ဂျွန်နီဒက်ပ်၊ လေဒီဂါဂါ၊ ဟယ်ရီ စတိုင်လ်စ် တို့လည်း ဆေးမင်ကြောင် ထိုးဖူးကြောင်း New York Post သတင်းစာက ရေးသားခဲ့သည်။ ကိတ်အနေဖြင့် သူမ၏ လက်ကောက်ဝတ်တွင် အနက်ရောင် ဆေးမင်ကြောင်တစ်ခု ရေးထိုးခဲ့သော်လည်း မည်သည့် စာသား၊ မည်သည့်ဒီဇိုင်းပုံ ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ Shamrock Social Clubမှ တာဝန်ရှိသူ တစ်ဦးက မိမိတို့ထံသို့ လာရောက်လည်ပတ်သည့် ထိပ်တန်းနာမည်ကျော် ပုဂ္ဂိုလ်များ အကြောင်း ထုတ်မပြောလိုဟု ငြင်းဆိုထားသည်။
သို့သော်လည်း နောက်ပိုင်းတွင်မူ အဆိုပါကလပ်၏ Twitter စာမျက်နှာတွင် ဂျရတ်လီတိုနှင့် ကိတ် တို့ အော်စကာဆုရသည့်အတွက် ဂုဏ်ယူကြောင်း ရေးသားခဲ့သည်။ ကိတ်သည် ယခင်ကတည်းက ဆေး မင်ကြောင် ထိုးဖူးသူဟုလည်း ယူဆရသည်။ သတင်းထောက်တစ်ဦးက ကိတ်ကို ဆေးမင် ကြောင် ရှိမရှိ မေးမြန်းဖူးရာ သူမက “အိုး၊ ရှိချင်လည်း ရှိမှာပေါ့လေ”ဟု တုံ့ပြန် ဖြေဆိုဖူးကြောင်း သိရသည်။

Ref : http://www.planet.com.mm
 

No comments:

Post a Comment

back to top