နိုင်ငံတော်သမ္မတဦးသိန်းစိန်ဘူတန်နိုင်ငံဝန်ကြီးချုပ်အားလက်ခံတွေ့ဆုံ
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
ဘူတန်နိုင်ငံ ဝန်ကြီးချုပ် H.E.Lyonchhen Tshering Tobgay ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော်
သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
ဘာသာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုအနု ပညာနှင့်စိုက်ပျိုးရေးကဏ္ဍများတွင်
ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေး၊ လယ်ယာ
စိုက်ပျိုးရေးကဏ္ဍတွင် အပြန်အလှန် အတွေ့အကြုံဖလှယ်ရေး၊ နှစ်နိုင်ငံ အကြား
တိုက်ရိုက်လေကြောင်း ဆက်သွယ်နိုင်မည့် အလားအလာ များ၊ နှစ်နိုင်ငံ
အဆင့်မြင့်အရာရှိ ကြီးများအကြား အပြန်အလှန် လည်ပတ်ရေးတို့နှင့် စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးÓဏ်ထွန်း အောင်၊ ဒေါက်တာဖေသက် ခင်၊ ဒေါက်တာကံဇော်၊ ဦးဌေးအောင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ဘူတန်နိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီး ဦးလှမြင့်ရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
မြန်မာနိုင်ငံနှင့် ဘူတန်နိုင်ငံ တို့သည် ၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီ ၁ရက်က သံတမန်ဆက်ဆံမှုစတင် ခဲ့ပြီး ယခုခရီးစဉ်သည် ဘူတန် ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် မြန်မာ နိုင်ငံသို့ ပထမဆုံးအကြိမ် လာ ရောက်ခြင်းဖြစ်သည်။

No comments:
Post a Comment