မန်ချက်စတာယူနိုက်တက်
အသင်းခေါင်းဆောင် နီမန်ဂျာဗီဒစ်သည် ယခုရာသီကုန် နွေရာသီ၌ အင်တာမီလန် အသင်းထံသို့
အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့တော့မည် ဖြစ်သည်။
ဗီဒစ်နှင့် စာချုပ်သက်တမ်းအတွက် အင်တာမီလန်အသင်းမှ
ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း အသက် ၃၂ နှစ်အရွယ် ကစားသမားနှင့်
စာချုပ်ချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းကို အင်တာမီလန်အသင်းမှ ကြေငြာခဲ့သည်။
ဗီဒစ်အနေဖြင့်လည်း ပြီးခဲ့သည့် လအတွင်းက
မန်ယူအသင်းတွင် ၈ နှစ်ခွဲကြာ ကစားခဲ့မှုအား အဆုံးသတ်ရန် ရည်ရွယ်နေသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်
အခြားကလပ်အသင်းများမှ မန်ယူအသင်းခေါင်းဆောင်အား ခေါ်ယူရန် ကြိုးပမ်းလာခဲ့ကာ
အင်တာမီလန်အသင်းမှ လက်ဦးမှုရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဗီဒစ်ဟာ ကမ္ဘာ့ထိပ်တန်း
နောက်ခံကစားသမားတစ်ဦးပါ။ အခုလို အင်တာမီလန်အသင်းထံကို ဗီဒစ် ရောက်ရှိအောင်
စာချုပ်ချုပ်နိုင်တဲ့အတွက် အရမ်းပဲဝမ်းသာမိပါတယ်။ သူရဲ့ အရည်အချင်းတွေ၊
အတွေ့အကြုံတွေက အင်တာမီလန်အသင်းကို ရလဒ်ကောင်းရရှိအောင် ကူညီနိုင်ပြီး အသင်းရဲ့
လူငယ်ကစားသမားတွေကိုလည်း တိုးတက်လာအောင် ကူညီနိုင်မှာပါ" ဟု
အင်တာမီလန်အသင်းမှ ထုတ်ပြန်ခဲ့သည်။ ဗီဒစ်သည် မန်ယူအသင်းထံသို့ ၂၀၀၆ ခုနှစ်တွင်
စပါးတပ်မော်စကိုအသင်းထံမှ ပေါင် ၇ သန်းဖြင့် ရောက်ရှိလာခဲ့ကာ အသင်းအတွက် ပွဲပေါင်း
၂၀၀ ကျော် ကစားပေးခဲ့ပြီး အသင်းအား ပရီးမီးယားလိဂ်ချန်ပီယံ ၅ ကြိမ်ရရှိရန်
ကူညီပေးနိုင်ခဲ့သည်။
Ref: Myanmargaol

No comments:
Post a Comment