Thursday, March 6, 2014

ရာသီကုန်တွင် ဘာစီလိုနာမှ ပူယိုးလ် ထွက်ခွာမည်

 
ဘာစီလိုနာ အသင်းခေါင်းဆောင် ကားလို့စ် ပူယိုးလ်သည် ရင်ဆိုင်နေရသည့် ဒူးဒဏ်ရာ ပြဿနာကြောင့် ယခုရာသီ ကုန်တွင် ဘောလုံး ကစားသမားဘ၀မှ အနားယူတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။
အသက် ၃၅ နှစ် အရွယ် နောက်ခံကစားသမားသည် ဒူးဒဏ်ရာကြောင့် ယခု ရာသီတွင် အသင်းအတွက် ၅ ပွဲ သာပါဝင် ကစားထားနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ အနားယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပူယိုးလ် သည် ဘာစီလိုနာ အသင်းတွင် ၁၉၉၉ ခုနှစ်တွင် ပွဲဦးထွက်ပါဝင်ခွင့်ရရှိပြီးနောက် အသင်း၏ အဓိက ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့ကာ ၅၉၃ ပွဲ ကစားပြီးအသင်းဖော် ဇာဗီ ၏နောက်တွင် ဒုတိယ ပွဲထွက်အများဆုံး ကစားသမားအဖြစ်ရပ်တည်လျှက်ရှိသည်။
 " ကျွန်တော်ရာသီကုန်မှာ ကစားသမားဘ၀ ကနေ အနားယူပါတော့မယ်။ ကျွန်တော့ရဲ့ ဒဏ်ရာအခြေနေကို အသင်းကို ပြောပြခဲ့ပြီး နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါပြီ။ ကျွန်တော့ရဲ့ ဒဏ်ရာအခြေနေဟာ မျှော်လင့်တာထက် ပိုမိုဆိုးဝါး နေတာကြောင့် နောက် တစ်ရာသီ ဆက်ကစားနိုင်တော့မှာ မဟုတ်တဲ့အတွက် အခုလိုဆုံးဖြတ်ချက်ချခဲ့ရတာပါ" ဟု ပူယိုးလ် မှ ပြောကြားသွားခဲ့သည်။

No comments:

Post a Comment

back to top