Friday, March 21, 2014


သန်းခေါင်စာရင်း ကောက်ယူနေချိန်တွင် အိမ်ထောင်စုဝင် တချို့ ပြည်ပသို့ ရောက်ရှိနေပါက မြန်မာနိုင်ငံသို့ ပြန်လာရန် မလို အပ်
မြန်မာနိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူနေချိန်တွင် အိမ်ထောင်စုဝင်တချို့ ပြည်ပသို့ ရောက် ရှိနေပါက ယင်းအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာရန်မလိုကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန် ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း မတ် ၃ဝ မှ ဧပြီ ၁ဝ ရက်အထိ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက် ယူ နေချိန်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် သန်းခေါင်စာရင်း တွင် ပါဝင် ခြင်းမရှိမည်ကို စိုးရိမ်ပူပန်စရာမလိုဘဲ သန်းခေါင်စာ ရင်း ကောက်ယူသည့်အချိန်တွင် အိမ်ထောင် စု ဝင်ထဲမှ နိုင်ငံခြားသို့ သွားရောက်နေသူများ ရှိပါက အမည်၊ အသက်၊ ကျား/မ၊ ထွက်ခွာသည့် ခုနှစ်နှင့် ရောက်ရှိနေသည့် နိုင်ငံတို့ကို အတိအကျ ဖြေကြားပေးရန်သာ လိုအပ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံသား အများဆုံး တည်ရှိရာ မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများနှင့် မိသားစုတချို့သည် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ ပြန်လာရန် စီစဉ်နေကြကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သန်းနီးပါးနှင့် မလေးရှားတွင် မြန်မာရွှေ့ပြောင်း လုပ်သား ခြောက်သိန်းကျော် ရှိနေသည်။ မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၈၃ ခုနှစ် က နောက်ဆုံးအကြိမ် ကောက်ယူခဲ့ ပြီး ယခုအကြိမ်မှာ နှစ်ပေါင်း ၃ဝ ကျော်ကြာမှ ပြန်လည် ကောက် ယူခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top