HTC ထုတ်ကုန်သစ် HTC One
ကို မတ်လ ၂၅ ရက်နေ့ တွင် ရောင်းချမည်
မိုဘိုင်း နည်းပညာ၏
ရှေ့ဆောင်ကုမ္မဏီ တစ်ခုဖြစ်သည့် HTC သည် မတ်လ ၂၅ ရက်နေ့တွင် နယူးယောက်မြို့၌HTC
ထုတ်ကုန်သစ် HTC One ကိုတရားဝင် ရောင်းချတော့မည် ဖြစ်သည်။ လွန်ခဲ့ သည့် နှစ်က
စီးပွားရေး လုပ်ဖေါ်ကိုင်ဖက်များထံ ကုမ္ပဏီ၏ လျှို့ဝှက်ချက်များ ပေါက်ကြားစေခဲ့သည့်
အတွက် ထုတ်ကုန်ဒီဇိုင်းဌာန ဒုတိယ ဥက္ကဌ Thomas Chien အပါအ၀င် တိုင်ဝမ်ရှိ HTC
ဝန်ထမ်း (၆) ဦးအား ပြစ်ဒဏ် ချမှတ်ခဲ့ချိန်မှစ၍ ဒီဇိုင်းပိုင်းတွင် လုံးဝ
တိတ်ဆိတ်နေခဲ့သည်။ HTC ကုမ္ပဏီ အနေဖြင့် ထုတ်ကုန်ပစ္စည်း ၊ အမှတ်တံဆိပ်နှင့် အခြား
အသိဥာဏ် ပစ္စည်းဆိုင်ရာ ရပိုင်ခွင့်များကို ကာကွယ်ရန်မှာ အခြားအရာများနှင့်
စပ်ယှက်မှု မရှိခြင်းနှင့် လုံခြုံရေးတို့သည် ၀န်ထမ်းတိုင်း လိုက်နာရမည့် အခြေခံ
အမြူတေတာဝန်များ ဖြစ်ပြီး ယခုထွက်ရှိလာသည့် မိုဘိုင်းဖုန်းကို နည်းပညာ
ချစ်သူတိုင်း နှစ်သက်ကြမည် ဖြစ်ကြောင်း HTC မှ CEO Peter Chou မှ
ပြောကြားခဲ့သည်။
No comments:
Post a Comment