Wednesday, March 26, 2014



လေဒီဂါဂါနှင့် ပူးတွဲ ဖျော်ဖြေခွင့်ရသည့် တောင်ကိုရီးယား Crayon Pop အဖွဲ့

တောင်ကိုရီးယား၏ နာမည်ကျော် တေးသံရှင် မိန်းမလှလေး (၅) ဦးပါဝင်သည့် Crayon Pop ဂီတ အဖွဲ့သည် အနောက်တိုင်း ပေါ့ပ်ဂီတငွေကြယ်ပွင့် လေဒီဂါဂါ၏ Art Brave: The Artpop Ball အမည်ရှိ နယ်လှည့် ဖျော်ဖြေပွဲတွင် ပူးတွဲပါဝင် တင်ဆက်ခွင့် ရရှိမည် ဖြစ်သည်။

ဇွန်လ(၂၆) ရက်မှ ဇူလိုင်လ (၂၂) ရက်နေ့အထိ ပြုလုပ်မည့် နယ်လှည့် ဖျော်ဖြေပွဲတွင် Crayon Pop အဖွဲ့သည် ၎င်းတို့၏ လူကြိုက်များ ရေပန်းစားသည့် Bar Bar Bar သီချင်းအား လေဒီဂါဂါနှင့်အတူ ပူးပေါင်း တင်ဆက်သွားမည် ဖြစ်ကြောင်း လေဒီဂါဂါ၏ Twitter စာမျက်နှာတွင် ဖော်ပြထားသည်။ လေဒီဂါဂါ၏ Art Brave: The Artpop Ball နယ်လှည့် ဖျော်ဖြေရေး ခရီးစဉ်သည် Artpop တေးအယ်လ်ဘမ် အတွက် ပြုလုပ်သည့် ဖျော်ဖြေရေး ခရီးစဉ် ဖြစ်ပြီး မေလ (၄) ရက်နေ့မှ နိုဝင်ဘာလ (၁၀) ရက်နေ့အထိ မြောက်အမေရိက ၊ ဥရောပနှင့် အာရှဒေသများ အထိပါ လှည့်လည် ဖျော်ဖြေ သွားမည် ဖြစ်သည်။

No comments:

Post a Comment

back to top