Wednesday, March 26, 2014


နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - March 26, 2014

တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် မကာရရာသီ၌ ရပ်တည်နေပြီး သောကြာဂြိုဟ် မကာရရာသီ၌ ရပ်တည်နေမည်။ ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့်ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့်ဓနုရာသီ၌ တည်ရှိနေမည်။ ရာဟုမှတနင်္လာသို့ ၉၀ံအမြင်၊ ဗုဒ္ဓဟူးမှကြာသပတေးသို့ ၁၂၀ံအမြင် ရှိထားသည်။ ရွှေနှင့်မတ်ပဲ ဈေးနှုန်းများ ကျဆင်းမည်။ နေ့လည် ၁၁နာရီ ၅၀မိနစ်အတွင်း ဥတ်္တရသာဋ္ဌ် နက္ခတ်စန်းယှဉ်ပြီး မိဿ၊ မေထုန်၊ သိဟ်၊ ကန်၊ တူ၊ ဓနုနှင့် ကုမ်ရာသီဖွားများ ကံဇာတာ မြင့်မားချိန်ဖြစ်သည်။ ကြာသပတေး၊ စနေနှင့် ရာဟုသားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ ဆေးဝါးဖော်စပ်မှုနှင့် မိတ်ဆက်ဖြန့်ဖြူးမှု၊ ဆေးဝါးကုသခံယူမှု၊ သီးနှံပန်းမာန်မျိုးကြဲစိုက်ပျိုးမှုများ၊ တရားဘာဝနာ ကျင့်ကြံအားထုတ်မှုများ၊ အခက်အခဲ အကြပ်အတည်းမှ လွတ်မြောက်ရန် ကြိုးပမ်းမှု၊ သုတေသနပြု လုပ်ငန်း ကိစ္စ ၊အစိုးရရုံးပိုင်းဆိုင်ရာ၊ အနုပညာထုတ်လုပ်ဖြန့်ချီမှု၊ ဖက်ရှင် အလှပြင်ဆိုင်နှင့် ရတနာဆိုင် ဖွင့်လှစ်မှု၊ သိဒ်္ဓိ အစီအရင်များ ဆောင်ရွက်နိုင်သည်။ နေ့လည် ၁၁နာရီ၅၀မိနစ် နောက်ပိုင်း သရ၀ဏ် နက္ခတ် စန်းယှဉ်ပြီး ဂမီ်္ဘရနှင့် သိဒ်္ဓိဝင်အစအရင်များ စီရင်ခြင်း၊ တရားကျင့်ကြံ အားထုတ်မှု၊ အလျှင်အမြန် အကျိုးဖြစ်ထွန်းလိုသော အရောင်း- အ၀ယ်ကိစ္စများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ပစ္စည်းဆိုင် ဖွင့်လှစ်ခြင်းများ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၅၊ ၉၊ ၈


တနင်္ဂနွေသားသမီးများ
မိသားစု အိမ်တွင်းရေးပိုင်း ပဋိပက္ခ ပြဿနာများ တွေ့ကြုံမည်။

တနင်္လာသားသမီးများ
စိတ်ပင်ပန်း၊ လူပင်ပန်းမှုများ များပြား ပြင်းထန်နေချိန်ဖြစ်သည်။

အင်္ဂါနေ့သားသမီးများ
ယခင် ဆုံးရှုံးနစ်နာထားသည့် အခွင့်အရေးများ ပြန်လည် ရရှိတတ်သည်။

ဗုဒ္ဓဟူးနေ့သားသမီးများ
ဆုံးဖြတ်ချက်များ လွဲချော်မှားယွင်းပြီး ဆုံးရှုံးနစ်နာမှုများ ရင်ဆိုင်ရတတ်သည်။

ကြာသာပတေးနေ့သားသမီးများ
ငွေကြေး အစုလိုက်၊ အပုံလိုက် ရရှိတတ်ပြီး ထီကံစမ်းပေးသင့်ချိန်ဖြစ်သည်။

သောကြာနေ့သားသမီးများ
စိတ်ပင်ပန်းမှုများပြားပြီး ကျန်းမာရေးအညံ့ သတိပြုသင့်ချိန်ဖြစ်သည်။

စနေနေ့သားသမီးများ
အကြံအစည်များ ပြည့်စုံအောင်မြင်မည့် ရွှေရောင်အနာဂတ်ကာလဖြစ်သည်။

ရာဟုနေ့သားသမီးများ
အောင်မြင်မှု အခွင့်အလမ်းများ စောင့်ကြိုနေပြီး ကြိုးစားမှုများ အကျိုးရှိမည်။

 

တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အနီ၊ အပြာနု
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် အနီ၊ ခရမ်း၊ အစိမ်းရင့်
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် အနီ၊ အ၀ါ၊ အပြာနု
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အနက်၊ အစိမ်းရင့်
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ ခရမ်း၊ အစိမ်းရင့်
သောကြာသားသမီးများ ၀တ်ဆင်ရန် အနီ၊ ခရမ်း၊ အစိမ်းရင့်
စနေနေ့သားသမီးများ ၀တ်ဆင်ရန် အနက်၊ အ၀ါ၊ မီးခိုး
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ မီးခိုး၊ အစိမ်းရင့်

No comments:

Post a Comment

back to top