ကမ္ဘာ့ဘဏ်မှ ငွေကျပ် သိန်း ၅ဝဝဝ ကျော် ကျွန်းစုကျေးရွာများ သို့ ပေးအပ်
ချင်းပြည်နယ်
ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ်နှင့်
တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ်တို့တွင် စတင် အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသော
လူထုအခြေပြု စီမံကိန်းလုပ်ငန်းများ အတွက်
ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာ ကိုးရွာကို ကမ္ဘာ့ဘဏ်မှ ငွေကျပ်သိန်း
၅ဝဝဝ ကျော်အား ကျေးရွာလူထု ဘဏ်စာရင်းထဲသို့ လွှဲပြောင်းပေးအပ်ပြီး
ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေဖြင့် ဆင်းရဲသော
ကျေးလက်နေ ပြည်သူများ အတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ဖြစ်သော
စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနှင့် လမ်းပန်းဆက်သွယ်ရေး စသည့် လုပ်ငန်းများ
ဆောက်လုပ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်မှ ငွေကျပ် ၅၄၇၁၂၈ဝဝဝ ကို ကျွန်းစုမြို့နယ်ရှိ ကပ၊ ကဘင်၊ ကောဇယာ၊
မင်းဂုတ်၊ မအိုင်၊ မဲတော၊ ညောင်ဘီး၊ စခန်းသစ်နှင့် ဇေးကမိကျေးရွာ
စုစုပေါင်း ကိုးရွာတို့၏ ဘဏ်စာရင်းများသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။ ဆက်လက်၍ နောက်ထပ် ကျန်ရှိနေသေးသော ကျွန်းစုမြို့နယ် အတွင်းရှိ
ကျေးရွာ ၁၁ ရွာကို လည်း မတ်လကုန် အပြီး ထပ်မံ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment