Wednesday, March 26, 2014



၂၀၁၄ ဖက်ရှင် ဘုရင်မဆုရှင် Rihanna

၂၀၁၄ ခုနှစ် နွေဦးရာသီတွင် အမေရိကန် နိုင်ငံ ဖက်ရှင်ဒီဇိုင်နာများ ကောင်စီမှ ရွေးချယ်လိုက်သည့် CFDA Fashion Icon Award ဆုကိုပေါ့ပ်ဂီတ ကြယ်ပွင့် Rihanna မှ ရရှိသွားခဲ့သည်။ အဆိုပါ ဆုပေးပွဲကို နယူးယောက်မြို့တွင် လာမည့် ဇွန်လ ၂ ရက်နေ့၌ အခမ်းအနားဖြင့် ကျင်းပမည် ဖြစ်သည်။



၂၆ နှစ်အရွယ် Rihanna သည် Diamond World Tour တွင် ဖက်ရှင်ကျကျ ၀တ်ဆင်ခဲ့ပြီး ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းတွင်လည်း Paris Fashion Week မှ ရွေးချယ်သည့် ထိပ်တန်း ဖက်ရှင်ကျသည့် ပုဂ္ဂိုလ်တစ်ယောက် အဖြစ် ပါဝင်ခဲ့သည်။ သူမ ဖန်တီးထားသည့် ကိုယ်ပိုင် အ၀တ်အစား ဖက်ရှင် ဒီဇိုင်းအား ၂၀၁၃ ခုနှစ် London Fashion Week တွင် စတင် မိတ်ဆက်ခဲ့သည်။ သို့သော် ယခု ရရှိခဲ့သည့်ဆုသည် သူမဖန်တီးသည့် ဖက်ရှင်ဒီဇိုင်းအတွက် ရရှိခြင်း မဟုတ်ဘဲ သူမ၀တ်ဆင်သည့် အ၀တ်အစား ဖက်ရှင်ကျမှု အတွက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top