အခမဲ့ရပ်နားခွင့်ပေးထားသော ကားပါကင်ကြေးများကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှစ၍ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ကောက် ခံခွင့် ပေးမည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အခမဲ့ ရပ်နားခွင့်ပေးထားသော ကားပါကင်ကြေးများကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်မှစတင်၍ပုဂ္ဂလိက လုပ်ငန်းရှင်များသို့
ကောက်ခံ ခွင့် ပေးသွားမည် ဖြစ်ကြောင်းကို ဧပြီ ၁ ရက်တွင် လေလံပွဲ ကျင်းပကာ
လေလံပွဲတွင် အနိုင်ရရှိသူက ကားပါကင်ကြေး ကောက်ခံခွင့်ကို ရရှိမည်
ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတား ဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
ကားပါကင်ကြေး ကောက်ခံရာတွင် ရန်ကုန်
မြို့တွင်းရှိ အမည်တပ် လမ်းမကြီးများတွင် ရပ်နားသော
ယာဉ်များကိုတစ်နာရီလျှင် ငွေကျပ် ၂ဝဝ နှုန်းဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ညနေ
၆ နာရီအထိ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကားပါကင်ကြေး ကောက်ခံခြင်းကို ၁၉၉၆ ခုနှစ်မှ စတင် ကောက်ယူခဲ့ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်အတွင်းတွင် အခမဲ့ ကားပါကင်များ
ပြုလုပ်ခြင်း၊ ယာဉ်သွားလမ်း အကျယ် တိုးချဲ့ခြင်း တို့ကို
ဆောင်ရွက်ခဲ့ကြောင်း၊ အခမဲ့ ကားပါကင်ကို ရာသက်ပန် ထားရှိပေးရန်
ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ
ရပ်နားခြင်းနှင့် ယာဉ်ကြောပိတ်ဆို့ခြင်း ကိုလည်း လျော့နည်းလာစေရန်
ကားပါကင်ကြေးများ ပြန်လည် ကောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment