ငါ့ဘ၀ထဲမှာ၊
ကဗျာကိုရှာကြည့်ရင်း
ကဗျာထဲမှာ
ဘ၀ကိုတွေ့ရတယ်
သဘာဝအလှနဲ့
ပဋိပက္ခ၊ ပကာသန အလှတွေ
နေရာယူဆိုးမိုးတာတဲ့
ဒီခေတ်
သူတို့တွေကို
အတုခိုး၊ အတုတွေးနဲ့ထွေးလုံးရစ်ပတ်
အတုတွေခုံမင်း၊
အတုတွေမြတ်နိုး
အတုတွေနဲ့
ပြိုင်းကြ ဆိုင်ကြ
အတုခိုးသူ၊
အတုတွေဖြစ်ကြရော
သူတို့ကိုမေးတော့
ဒါကအိုင်တီခေတ်
ဒါက ခေတ်မီတာ၊
ဒါကခေတ်ရှေ့ပြေးတာတဲ့
အမလေးလေး…..ကြည့်ကြပါအုံး
စဉ်စားလိုက်တိုင်း၊
တုန်လှုပ်ကြောက်မိ
ငါတို့ရဲ့သဘာဝအလှရဲ့
ရင်ခုန်သံကို
အသက်သွင်းပေးကြပါအုံး……….
No comments:
Post a Comment