Friday, March 28, 2014

သင်္ကြန်ကာလ ရန်ကုန်မြို့၌ တစ်လမ်းမောင်း သတ်မှတ်မည်

မဟာသင်္ကြန်ကာလ ဖြစ်သည့် ဧပြီ ၁၃ ရက် (အကြို) မှ ၁၆ ရက် (အတက်) အထိ နံနက် (၆) နာရီမှ ညနေ ၆ နာရီအတွင်း ရန်ကုန်မြို့ရှိ လမ်းအချို့နေရာများတွင် တစ်လမ်းမောင်းစနစ် ကျင့်သုံးသွား မည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တစ်လမ်းမောင်းစနစ် ကျင့်သုံးသွားမည့်နေရာများ သတ်မှတ်ထားချက်အရ ဆရာစံလမ်းတွင် ကမ္ဘာအေးစေတီလမ်းဆုံ (ဟာမစ်တစ်) မှ စက်မှု(၁)လမ်းဆုံ (ရန်ကင်းစင်တာ) အထိ အနောက်မှ အရှေ့သို့ တစ်လမ်းမောင်းစနစ် သတ်မှတ်မည်ဖြစ်ပြီး မဟာဗန္ဓုလလမ်းတွင် ပန်းဆိုးတမ်းလမ်းမှ ဆူးလေ ဘုရား လမ်းအထိကို သတ်မှတ်ထားချက်များအရ လမ်းပြောင်းပြန်လုပ် ပြောင်းလဲကာ အရှေ့မှ အနောက်သို့ တစ်လမ်းမောင်းနစ်စ သတ်မှတ်ထားမည်ဖြစ်သည်။

ထို့အပြင် ကန်တော်ကြီးပတ်လမ်း တွင် ဦးထောင်ဘို အ၀ိုင်း၊ တိရစ္ဆာဥယျာဉ်ဘက်မှ ကန်ရိပ်သာလမ်းသို့ အ၀င်လမ်းသတ်မှတ်မည်ဖြစ်ပြီး ကန်ရိပ်သာလမ်း အတိုင်း လက်ဝဲရစ် မောင်းနှင်၍ ယင်းမှတစ်ဆင့် နတ်မောက်လမ်းအတိုင်း ကမ္ဘာအေး စေတီလမ်းဆုံသို့ အထွက် သတ်မှတ်ထားရှိမည်လည်းဖြစ်သည်။ ကန်တော်ကြီး ပတ်လမ်းသို့ ချဉ်းကပ် လမ်းများအားလုံး ညာကွေ့ပြီး လက်ဝဲရစ်သွားရမည်ဖြစ်ရာ ကန်တော်ကြီး ပတ်လမ်းသို့ ၀င်ရောက်မည့် အထက်ပန်းဆိုးတန်း မ်းမှ ယာဉ်များသည် ဒေါ်သိန်းတင် မီးပွိုင့်မှ လည်းကောင်း၊ သိမ်ဖြူလမ်းမှ ယာဉ်များသည် သိမ်ဖြူငါးခွဆုံ မှလည်းကောင်း  လမ်းလွှဲ အတိုင်းသွား ရမည်ဖြစ်သည်။
အဆိုပါ ကန်တော်ကြီး ပတ်လမ်းတစ်လျှောက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မော်တော် ယာဉ်များ ရပ်နားခြင်းမပြုကြရန်နှင့် မော်တော်ယာဉ်များ သတ်မှတ်ထားသည့်လမ်းမှ မောင်းနှင်နိုင်ရေး အတွက် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ သတိပေးနှိုးဆော်ချက် ထုတ်ပြန်သွား မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top