အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် ပွဲတက်ဝတ်စုံများ
အမျိုးသမီးတွေအတွက်
အမြဲတမ်း နုပျိုနေစေဖို့နဲ့ ဆွဲဆောင်မှုရှိနေစေဖို့အတွက် ဆောင်ထားသင့်တဲ့
ဝတ်စုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အနက်ရောင်
ဂါဝန်တိုများ
အနက်ရောင်
ဂါဝန်တိုလေးတွေကို ခါးပတ်လှလှလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာဟာ ဘယ်လိုခန္ဓာ ကိုယ် အမျိုးအစားနဲ့မဆို လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်တစ်မျိုးပါပဲ။ ညပွဲပဲဖြစ်စေ၊ နေ့ပွဲပဲဖြစ်စေ ဝတ်ဆင် နိုင် တာကြောင့်
မရှိမဖြစ်ဝတ်စုံတစ်မျိုးပါပဲ။
အရောင်ရင့်ရင့်
ဝတ်စုံများ
Crazy
Color လို့ လူသိများကြတဲ့ အရောင်တောက်တောက် အဝတ်အစားတွေကို ရိုင်းတယ်လို့ မထင် ပါနဲ့။
ဒီလိုအရောင်ရောစပ်ထားတဲ့ အဝတ်အစားတွေဟာ ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်ပါပဲ။
ဒါကြောင့် မရှိမဖြစ်ထဲမှာ ပါဝင်ပါတယ်။
ညပွဲတက်ဂါဝန်
ညဘက်ပွဲတက်သွားချိန်နဲ့
ပါတီပွဲတွေမှာ ဝတ်ဆင်လေ့ရှိတဲ့ ဂါဝန်အရှည်တစ်ထည်လောက်တော့ လိုပါ တယ်။ တစ်ခြမ်းဖုံး
ဂါဝန်လေးတွေက ဘယ်အချိန်မဆို ရိုးမသွားဘဲ သင့်ကို နုပျိုစေ တာကြောင့်မရှိမဖြစ်ပါ။
အရောင်တောက်တောက်
ကုတ္အက်ႌမ်ား
ကုတ္အက်ႌ
အရောင်တောက်တောက်လေးတွေနဲ့ ကျားသစ်ကွက်အပေါ်ထပ်ဝတ် ကုတ်အင်္ကျီလေး တွေ လည်းရှိသင့်ပါတယ်။ အတွင်းက စွပ်ကျယ်လှလှလေးတွေကို ဝတ်ဆင်ကာ အပေါ်က ကုတ် အင်္ကျီလေးတွေ
ထပ်ဝတ်ပြီး ရှိုးထုတ်နိုင်တာကြောင့် မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဖက်ရှင်ပါပဲ။
အသားကပ်ဘောင်းဘီ
စတော်ကန်လို့သိကြတဲ့
အနက်ရောင် အသားကပ်ဘောင်းဘီတစ်ထည်လောက်ကတော့ ပျိုမေတိုင်း အတွက် ရှိသင့်ပါတယ်။
ခါးရှည်အပေါ်အင်္ကျီလေးတွေနဲ့ တွဲဝတ်နိုင်တာကြောင့်ပါ။

No comments:
Post a Comment