Wednesday, March 26, 2014


ပျောက်ဆုံး မလေးရှားလေယာဉ် Flight MH370 အိန္ဒိယ သမုဒ္ဒရာတောင်ဘက်သို့ ပျက်ကျကြောင်း အတည်ပြု ကြေညာ
မတ်လ ဂ ရက်နေ့က မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူ လေဆိပ်မှ တရုတ်နိုင်ငံသို့ ပျံသန်းလာ ရာမှ ပျောက်ဆုံးသွားခဲ့သည့် မလေးရှား လေယာဉ်Flight MH 370 သည် အိန္ဒီယ သမုဒ္ဒရာတောင်ဘက် ပိုင်းတွင် ပျက်ကျသွားခြင်း ဖြစ်ကြောင်း မလေးရှား ၀န်ကြီးချုပ် Najib Razak က ကြေညာလိုက်သည်။ ပျက်စီးသွားသည့် အပျက်အစီး အပိုင်းအစများကို သက်သေပြ ပြောဆိုနိုင်ခြင်း မရှိသော်လည်း ဂြိုဟ်တု မှပေးပို့သည့် သတင်း အချက်အလက်များကို သုံးသပ်စစ်ဆေးပြီး ကောက်ချက်ချ ကြေညာ ရခြင်း ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့ပါသည်။
မလေးရှား လေကြောင်းလိုင်းမှလည်း ထိုလေယာဉ်တွင် လိုက်ပါ သွားကြသည့် ခရီးသည်များ၏ မိသားစုများသို့လည်း အကြောင်းကြားပြီးပြီ ဖြစ်ကြောင်းနှင့် သက်ရှင်ကျန်ရစ်သူ တစ်ဦးမျှမရှိဟု ယူဆ ရကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။ လိုက်ပါသွားသည့် ခရီးသည် ၂၂၇ ဦးတွင် အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။ Beijing hotel ၌ သတင်း ထုတ်ပြန်  စောင့်ကြည်နေ့ကြသည့် ဆွေမျိုး မိသားစုများသည်လည်း  ထိုကြေညာချက်ကို ကြားပြီးနောက် အော်ဟစ်ပူဆွေး ငိုကြွေးနေကြပြီး အချို့မှာ ဆေးကုသသည့် အဖွဲ့များက ခေါ်ထုတ်သွားရကြောင်း သိရှိပါသည်။

No comments:

Post a Comment

back to top