တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်အဖြစ် သမီးဖြစ်သူ Malia ၊ Sasha တို့နှင့်အတူ ရောက်ရှိနေခဲ့သည့်အမေရိကန် သမ္မတကတော် Michelle Obama သည် Peking University ရှိ Stanford
Center တွင် တရုတ် ကျောင်းသားများအား ပညာရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ
ဆွေးနွေး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲအတွင်း
တရုတ်နိုင်ငံတွင် လွတ်လပ် စွာ ပြောဆိုခွင့်အပါအ၀င် အင်တာနက်ကို လွတ်လပ်စွာ
သုံးစွဲနိုင်ရန် တရုတ် အစိုးရအား ဗြောင်ကျကျပင် တိုက်တွန်း ပြောကြား
သွားခဲ့သည်။
တရုတ်နိုင်ငံတွင် အင်တာနက် ရှာဖွေရေး အင်ဂျင်များ ဖြစ်သည့် Google ၊
Yahoo စသည်တို့နှင့် အင်တာနက် လူမှုကွန်ယက်များဖြစ်သည့် Facebook နှင့်
Twitter များအား ပိတ်ထားသည်။ သမ္မတ ကတော်၏ ခရီးစဉ်တွင်လည်း Michelle Obama
ကို သတင်းထောက် များနှင့် လွတ်လပ် စွာ တွေ့ဆုံမေးမြန်းခွင့် မပြုခဲ့သည်ကို
တွေ့ရသည်။ တရုတ် ခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jinping အပါအ၀င် ၊ သမ္မတ ကတော်
Peng Liyuan နှင့် တွေ့ဆုံခဲ့ပြီး Peking University ရှိ တရုတ်
ကျောင်းသားများနှင့် တွေ့ဆုံခဲ့သည်။

No comments:
Post a Comment