ခြေဆီ အထွက်များနေသလား
ခြေထောက်ကနေ ချွေးတွေ အထွက်များပြီး အနံ့ဆိုးရတာကို ခြေဆီထွက်တယ် လို့
ခေါ်ကြပါ တယ်။ ခြေဖဝါးမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ထွက်တဲ့ ချွေးတွေ
ပေါင်းစပ်ရာက အနံ့ဆိုး ထွက်ရှိ တာ ဖြစ်ပါတယ်။ ခြေဆီအထွက်များပြီး
အနံ့နံနေရင် ကာယကံရှင်ရော ဘေးပတ်ဝန်းကျင်က
လူတွေပါ စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ခြေဆီအထွက်များပြီး
အနံ့နံနေသူတို့အတွက် လုပ်ဆောင်နိုင်တဲ့ အလွယ်နည်းတွေကို
ဖော်ပြပေးလိုက်ပါတယ်။
- ခြေဖဝါးကို ပုံမှန် ဆေးကြောသန့်စင်ပေးပါ။ ခြေဖဝါးကို ရေချိုးချိန်မှာသာမက အပြင်ကနေ အိမ်ပြန်ရောက် ချိန်မှာ ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ပေးသင့်ပါတယ်။
- ခြေစွပ်ဝတ်မယ်ဆိုရင် ချည်သားနဲ့ လုပ်ထားတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ နိုင်လွန်နဲ့ လုပ်ထား တဲ့ ခြေစွပ်ကို ရှောင်ပါ။
- ရှူးဖိနပ်ထဲမှာ ပေါင်ဒါမှုန့် ဖြူးထားပါ။ တကယ်လို့ ရှူးဖိနပ်မှာ ခြေဆီနံ့ စွဲနေရင် တစ်ရက်လောက် နေပူလှန်းထားပြီးမှ စီးသင့်ပါတယ်။
- ခြေထောက်က အနံ့နံနေရင် ညနေ အိမ်ပြန်ရောက်ချိန်မှာ ဆား ဒါမှမဟုတ် ဆော်ဒါမှုန့် ဒါမှမဟုတ် ရှလ ကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ထားတဲ့ ရေဇလုံထဲမှာ ခြေထောက်ကို စိမ်ပေးပါ။ ပြီးရင် ခြေထောက် ကို ခြောက်သွေ့အောင် သုတ်ပေးရပါမယ်။
By Good Health

No comments:
Post a Comment