တက္ကသိုလ်ဝင်စာမေးပွဲ
ဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ် က အောင်မြင်ခဲ့ပြီးမှန်း သိရ
၂၀၁၂-၁၃ ခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည်ကို လုံးဝမသိဘဲ ၂၀၁၃-၁၄ ခုနှစ် တက္ကသိုလ်
ဝင်စာမေးပွဲဖြေဆိုရန် ၀င်ခွင့်ကတ်ကျမလာသဖြင့် စုံစမ်းရာ ယမန်နှစ် ပညာသင်နှစ်တွင်
တက္ကသိုလ် ၀င်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ်
ကျိုက်ထိုမြို့၌ ဖြစ်ပွား ခဲ့သည်။
ဖြစ်ပုံက စပယ်ထွန်းသမအသင်းက
ဖွင့်တဲ့ ပညာဒါနကကျောင်းကနေ အပြင်ဖြေ ၁၃ ယောက်ဖြေ ဖို့ ဖောင်တင်ကြပါတယ်။
ဖောင်တွေတင်ပြီးတော့ မတ် ၁၀ ရက် ကတ်ထုတ်မယ့်နေ့လည်းရောက်ရော ကတ်က ၁၂
ယောက်စာပဲထုတ်လို့ရတယ်။ ကတ်မရတဲ့တစ်ယောက်နာမည်က မသန်းသန်းဌေး လို့ ခေါ် တယ်။
သူ့ကတ်လဲကျမလာရော ပညာရေးမှူးရုံးမှာသွားမေး တယ်။ နောက်မှရန်ကုန်က သက်ဆိုင်ရာ ရုံးကို
ဖုန်းဆက်မေးကြည့်တော့ အဲဒီကျောင်းသူက မနှစ်က အောင်စာရင်းမှာ နာမည်ပါပြီး
သားဖြစ်နေတယ်။ ကျတယ်ထင်ပြီး ပြန်ဖြေဖို့ ဖောင်တင်ရင်းနဲ့ စာမေးပွဲကြီးဖြေခါနီးမှ
သိရတာပါ ဟု ဒေသခံရပ်မိရပ်ဖ ဦးမျိုးတင်က ပြောသည်။
မသန်းသန်းဌေးမှာ ပြီးခဲ့သည့်
၂၀၁၂-၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့သဖြင့် ၂၀၁၃-၁၄ ခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရာ အောင်မြင်ခဲ့သည်ကို အောင်စာရင်းသွားရောက်
ကြည့်ရှု ခဲ့ခြင်းမရှိသဖြင့် သိရှိခဲ့ခြင်းမရှိဘဲ ကျရှုံးသည်ထင်မှတ်ကာ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ကို
နောက် တစ်ဖန်ပြန်လည်ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။
ကရင်တိုင်းရင်းသားဖြစ်သူ
ဦးဖာပီး၏သမီး မသန်းသန်းဌေးသည် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ညက ၉၀၆ ဖြင့်
အထက(၂) ကျိုက်ထို စာစစ်ဌာနမှ ၀င်ရောက်ဖြေဆိုခဲ့ပြီး အောင်စာရင်းထွက် သည့်အခါ
ကိုယ်တိုင်သွားရောက်ကြည့်ရှုရန် ကြောက်သဖြင့် မိဘများနှင့် ဆွေမျိုးများကို အောင်
မအောင် သွားရောက်ကြည့်ရှုခိုင်းရာ သုံးကြိမ်တိတိသွားရောက်ကြည့်ရှုသော်လည်း
အောင်မြင်သည် ကိုမတွေ့ရှိ ရဟု ပြောကြကြောင်း မသန်းသန်းဌေးကဆိုသည်။
အောင်စာရင်းကို
သုံးခါတောင်သွားကြည့်ခိုင်းတာ မပါဘူးဆိုတော့ တော်တော်စိတ်မကောင်းဖြစ်မိ တယ်။
ဒါနဲ့နောက်နှစ်အောင်ရမယ်၊ ဂုဏ်ထူးထွက်ရမယ်ဆိုပြီး ဆက်ကြိုးစားခဲ့တာဟု
မသန်းသန်းဌေးက ဆက်ပြော သည်။
သူ့မိဘတွေက ရိုးသားတဲ့ ကရင်တိုင်းရင်းသား
တောသူတောင်သားတွေလဲဖြစ်တယ်၊ အောင်စာရင်း မကြည့်ဖူး တာလဲပါတယ်၊သူ့နာမည်ကို
ရှာမတွေ့ဘူးလို့ပြောကြတယ်။ မြန်မာစာ အဖတ်အားနည်းတာ လဲပါလိမ့်မယ်ထင်တယ်၊
အောင်စာရင်းမှာ ညက ၉၀၆ အောင်နေတာ သူတို့မတွေ့ကြဘူးဟု ဒေသခံ အထက်တန်းပြဆရာမတစ်ဦးက
ပြောကြားသည်။
No comments:
Post a Comment