Wednesday, March 19, 2014

၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃ သန်းကျော်ရှိခဲ့

၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၄၃ ဒသမ ၁၆၇ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာပွင့်ဆန်း၏ မတ် ၁၈ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်း အဝေး တွင် ပြောကြား ချက်အရ သိရသည်။အဆိုပါကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃ ဒသမ ၁၆၇ သန်းတွင် ပို့ကုန် ပမာဏ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆၀၀ သန်း၊ သွင်းကုန်ပမာဏ ဒေါ်လာ ၁၅ ဒသမ ၅၆၇ သန်းပါ ၀င်ကြောင်း သိရသည်။ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားမှုမှာ တမူး၊ ရိဒ်၊ ထန်တလန် နယ်စပ်စခန်းသုံးခုအနက် ချင်းပြည်နယ်အတွင်းမှာ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ၂၀၁၃ ခုနှစ်တွင် အသစ်ဖွင့်လှစ်ထားသည့် ထန်တလန် ယာယီနယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top